“ဖက်ဆစ်ယန္တရားကိုဖြိုဖျက် ပြည်သူ့ယန္တရားကို တည်ဆောက်”ဆိုသည့် ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း

နိုဝင်ဘာလ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၆၅၄ မြောက်အဖြစ် နိုဝင်ဘာလ၂၂ရက် ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

ပင်မသပိတ်စစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝိုင်းရံလျက် “ဖက်ဆစ်ယန္တရားကိုဖြိုဖျက် ပြည်သူ့ယန္တရားကို တည်ဆောက်”စာတန်းကိုင်စွဲပြီး ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ဆန့်ကျင်ကန့်ကွက်သပိတ်မှောက်နေကြခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)