ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၅၅၆ ရက်မြောက် ချီတက်ဆန္ဒပြ

နိုဝင်ဘာလ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြသည်။

သပိတ်စစ်ကြောင်းသည် အမျိုးသားအောင်ပွဲနေ့ ၁၀၂နှစ်မြောက် အထိမ်းအမှတ်အကြိုအဖြစ် "ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကိုမြေမြှုပ်ကြ" စာသားပါဘန်နာကို ကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ၅၅၆ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)