ရန်ကုန်မြို့တွင် သပိတ်အင်အားစုများ ချီတက်ဆန္ဒပြ

နိုဝင်ဘာလ ၁၆ ရက်

ရန်ကုန်မြို့တွင် သပိတ်အင်အားစုများက "အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်‌ေချမှုန်းကြ" စာသားပါဘန်နာကိုင်ဆောင်ကာ ယနေ့ နိုဝင်ဘာ ၁၆ ရက်တွင် ချီတက်ဆန္ဒပြကြကြောင်း သိရသည်။

အဆိုပါ သပိတ်အား ညနေပိုင်းတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ-YRSC၊ပုဇွန်တောင် ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ(PBYSC)၊ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(လသယအကသ)၊ Burma Youth Revolutinory Force (BYRF)၊ ဗမာ့လူငယ်ကွန်ရက်(ဗ.လ.က) သပိတ်အင်အားစုများပူးပေါင်း၍ ရန်ကုန်မြို့တစ်နေရာ၌ ချီတက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။