ယင်းမာပင်မြို့နယ်၌ အဖွဲ့ ၂ ဖွဲ့ ပူးပေါင်း၍ "အဖိနှိပ်ခံတို့ ရုန်းထကြ" ဆိုသည့် စစ်အာဏာရှင်ဖြုတ်ချရေး လှုပ်ရှားမှုပြုလုပ်

နိုဝင်ဘာလ ၁၄ ရက်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် လမ်းပိုင်းတစ်နေရာတွင် ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် Young Phoenixတို့ ပူးပေါင်း၍ ယနေ့ နိုင်ဝင်ဘာလ ၁၄ ရက်နေ့တွင် စစ်အာဏာရှင်ဖြုတ်ချရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သပိတ်လှုပ်ရှားမှုတွင် "အဖိနှိပ်ခံတို့ ရုန်းထကြ" စာသားပါဘန်နာနှင့် "အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံလွှင့်ထူကြ စစ်အာဏာရှင်စနစ်ကို အမြတ်ဖြတ်ချေမှုန်းကြ" စာသားပါဘန်နာတို့ကို ကိုင်ဆွဲ၍ ချီတက် ဆန္ဒပြခြင်းဖြစ်သည်။

စာတည်း- သန့်ဇော်(သန်လျင်)