"မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမည်" ဆိုသည့် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်စစ်ကြောင်း

အောက်တိုဘာလ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် “သွေးမအေးတဲ့ ရွှေနွယ်သွေး” စာသားပါဘန်နာ နှင့် "မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမည်" စာသားပါ ဘန်နာတို့ကို ကိုင်စွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း”သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၂၉ ရက် မြောက်နေ့အဖြစ် ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ချီတက်သပိတ်မှောက်ကြခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)