“ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူကိုသာ အလေးအမြတ်ပြုကြ” ကျေးရွာပေါင်းစုံ သပိတ် စစ်ကြောင်း

အောက်တိုဘာလ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ဆန္ဒပြပွဲ ကျင်းပခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူကိုသာ အလေးအမြတ်ပြုကြ” စာတမ်းများအားကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ကြကာ ကျဆုံးသွားခဲ့သည့် အာဇာနည်အပေါင်းအား ဉီးညွှတ် အလေးပြုခဲ့ကြသည်။

အောက်တိုဘာလ ၁၈ ရက် ယနေ့ ပြုလုပ်ခဲ့သော ဆန္ဒပြပွဲသည် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ ၅၈၆ ရက်မြောက်နေ့ဖြစ်ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ် ကြောင်း သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် စတင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ