ယုတ်ညံ့သည့်စစ်တပ်နှင့် စီးပွားအတူလုပ်ကိုင်ခြင်းက လူ့အခွင့်အရေးအား အားလျော့စေသည်

19 July 2021
ယုတ်ညံ့သည့်စစ်တပ်နှင့် စီးပွားအတူလုပ်ကိုင်ခြင်းက လူ့အခွင့်အရေးအား အားလျော့စေသည်

ယုတ်ညံ့သည့် မြန်မာစစ်တပ် နှင့် ပတ်သက်နေသော မြေယာဖွံ့ဖြိုးရေးစီမံကိန်း စီးပွါးရေးလုပ်ငန်းတွင် ပါဝင်နေခြင်းကို ရပ်တန့်ရန် Human Rights Now, Human Rights Watch, Japan International Volunteer Center, Justice For Myanmar နှင့် Mekong Watch အဖွဲ့များက ဂျပန် စီးပွားရေးလုပ်ငန်းစုများကိုပြောကြားလိုက်သည်။စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တွေအတွက် စစ်လက်နက်တွေကို အဓိကဝယ်ယူပေးတဲ့ စစ်ထောက်ချုပ်ရုံးကနေမြေနေရာငှါးရမ်းတဲ့ကိစ္စ (လူသတ်လက်နက်ဝယ်ဖို့ တိုက်ရိုက်ငွေပေးနေတဲ့ကိစ္စ) အတွက် ဘာအကြောင်းပြချက်ပေးပေး လက်ခံစရာမရှိပါဘူး။ ဂျပန်အစိုးရဲ့ ကုမ္ပဏီများအနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေခြင်းကို အဆုံးသတ်ရပါမယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required