အာရှလမ်းမကြီး နတ်စင်ကွေ့တွင် ဆယ်ဘီးတွဲကားတိမ်းမှောက်ရာ လူ ၂ ဦးသေဆုံး

အာရှလမ်းမကြီး နတ်စင်ကွေ့တွင် ဆယ်ဘီးတွဲကားတိမ်းမှောက်ရာ လူ ၂ ဦးသေဆုံး
ဓါတ်ပုံ- အာရှလမ်းမကြီး နတ်စင်ကွေ့တွင် ယာဉ်တိမ်းမှောက်ရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ သေဆုံးသွားသည်။

ဇွန် ၃

မြဝတီမြို့မှသည် ကော့ကရိတ်မြို့ဘက်သို့မောင်းနှင်လာသော ဆယ်ဘီးတွဲကားတစ်စင်း ကြာသပတေးနေ့ နံနက်အစောပိုင်းတွင် တိမ်းမှောက်မှုဖြစ်ရာ ယာဉ်ပေါ်လိုက်ပါလာသူနှစ်ဦး သေဆုံးသွားခဲ့သည်။

ကရင်ပြည်နယ်တွင်း အာရှလမ်းမကြီး၏ နတ်စင်ကွေ့တွင် နံနက် ၅ နာရီခန့်က တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်အကူတို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။

ဓါတ်ပုံ- အာရှလမ်းမကြီး နတ်စင်ကွေ့တွင် ယာဉ်တိမ်းမှောက်ရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ သေဆုံးသွားသည်။

“ တစ်ဦးကတော့ ကယ်နေတဲ့ အချိန်အသက်ရှိသေးတယ်၊ ကားပေါ် ရောက်တော့မှ ဆုံးသွားတယ်။ ဆေးရုံရောက်တော့ ဆုံးသွားပြီလို့ အတည်ပြုတယ်။ ယာဉ်မောင်းကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ကားနဲ့ပိပြီးတော့ ကျန်ခဲ့တာပေါ့။ ကရိန်းကားအကူအညီနဲ့ မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးလုပ်တော့ထုတ်ယူလို့မရတာနဲ့ ကရိန်းကားနဲ့ ကားကို မထုတ်တော့ သူကအသက်မရှိတော့ပါဘူး။” ဟု  ကော့ကရိတ်အခြေစိုက်ပုလဲဖြူလူမှုကူညီရေးအဖွဲ့က မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly