ဖူးခက်ကမ်းခြေ ပြန်ဖွင့်ရေး အစီအစဉ် တန့်ရပ်နေ

ဖူးခက်ကမ်းခြေ ပြန်ဖွင့်ရေး အစီအစဉ် တန့်ရပ်နေ

စက်တင်ဘာ ၉

ဖူးခက်ကမ်းခြေ ပြန်လည်ဖွင့်လှစ်ရေး အစီအစဉ်သစ်က ပြည်သူများ၏ သဘောထားနှင့် ကိုက်ညီစေလိမ့်မည်ဟု ထိုင်းအစိုးရက ယုံကြည်လျက်ရှိပြီး ပြည်တွင် ခရီးသွားအဖွဲ့အစည်းကလည်း နိုင်ငံခြားဧည့်သည်များအတွက် ဘေးကင်းလက်တွေ့ကျကာ မဟာဗျူဟာကျသော ဝင်ရောက်နိုင်မှုကို တောင်းဆိုလျက် ရှိသည်။

ဖူးခင်တွင် မြေစမ်းခရမ်းပျိုး စီမံချက်အဖြစ် နိုင်ငံခြားဧည့်သည်များအား ပြန်လည်ဖွင့်လှစ်ပေးမည့် လျာထားစီမံချက်သည် ဒေသခံများ၏ တုံ့ပြန်မှုများနှင့် ကြုံရပြီးနောက် ဝန်ကြီးချုပ် ချန်အိုချာက ရှေ့ဆက်မည့် လုပ်ငန်းစဉ် ကို တန့်ရပ်ထားရန်နှင့် ပြန်လည်သုံးသပ်ရန်အတွက် ပြီးခဲ့သည့် သီတင်းပတ်တွင် ညွှန်ကြားချက် ထုတ်ခဲ့ရသည်။

ပြည်တွင်းခရီးသွားလုပ်ငန်းများအား ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး၏ သက်ရောက်မှုများ လျော့ပါးရေးအတွက် အစိုးရက အပြည့်အဝ ပံ့ပိုးနေသော်လည်း ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း လက်ထောက် ဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူက ပြောသည်။

အများပြည်သူကျန်းမာရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသည့် အနုတင်က ဝန်ကြီးဌာနအနေဖြင့် ဆေးရုံဆေးပေးခန်းများ၊ ဆေးဝါးများ၊ လိုအပ်ပစ္စည်းများနှင့် အမှုထမ်းများ အပါအဝင် ကြိုတင်ပြင်ဆင်မှုများကို အပြည့်အဝဆောင်ရွက်ထားသည်ဟု ဒေသခံများအား ပြောသည်။

“အတိုက်အခံ လုပ်နေသူတွေဟာ ဒေသခံတွေ ဟုတ်မဟုတ်ဆိုတာ ကျွန်တော် မသိဘူး။ တကယ်လို့ ဒေသခံတွေဖြစ်တယ်ဆိုရင် ပြည်နယ်ကို အကူအညီ အထောက်အပံ့ဖြစ်စေမယ့် စိတ်သဘောထားတွေနဲ့အတူ ထောက်ခံရပ် တည်ကြမှာ ဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။

ဖူးခက်ပြည်နယ်သို့ အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပြီးခဲ့သည့် သီတင်းပတ်တွင် သွားရောက်ခဲ့ပြီး ဒေသခံများနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြောဆိုခဲ့ကြောင်း၊ တော်တော်များများသည် နိုင်ငံခြားဧည့်သည်များအား ထိုင်းနေရပ်ပြန်များနည်းတူပင် ၁၄ ရက်ကြာ ရောဂါခြေချုပ်ထားမည့် စည်းမျဉ်းစည်းကမ်းများကို သဘောကြကြောင်း ယင်းဝန်ကြီးဌာန၏ ဝန်ကြီး ပီဖတ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required