ခြေလှမ်း ခပ်စိပ်စိပ်ဖြင့် စားသုံးသူများကြား ရောက်ရှိလာသည့် Thai Pot

ခြေလှမ်း ခပ်စိပ်စိပ်ဖြင့် စားသုံးသူများကြား ရောက်ရှိလာသည့် Thai Pot

ရန်ကုန် ၊ အောက်တိုဘာ ၁၉ ။         ။ ရန်ကုန်မြို့ နေရာ အနှံ့အပြားတွင် Hot Pot နှင့် BBQ ဆိုင်များ အမျာအးပြား ဖွင့်လှစ် လာကြသလို ကိုယ် ကြိုက်နှစ်သက်သည့် ဆိုင်ကို ရွေးချယ်ပြီး မိသားစု ၊ သူငယ်ချင်း များနှင့် အပန်းဖြေစရာ နေရာ တစ်ခု အဖြစ် တည်ရှိ လာခဲ့သည်။

ထိုသို့ များပြားလာသည့် Hot Pot ဆိုင်များထဲကမှ Thai Pot အမည်ရှိ Hot Pot ဆိုင်လေးကလည်း ရန်ကုန်မြို့ ၏ မြို့နယ် တချို့တွင် နေရာ ယူလာတာကို တွေ့ရသည်။ အခုဆိုရင် ဆိုင်ခွဲ အနေဖြင့် ၃ဆိုင် ဖွင့်လှစ် လာနိုင် ခဲ့ပြီ ဖြစ်သည်။

Thai Pot ဆိုသည့် အတိုင်း ရန်ကုန်မြို့တွင် ဖွင့်လှစ် ထားသည့် Thai Pot ဆိုင် ၃ ဆိုင်တွင် တစ်ဆိုင် နှင့် တစ်ဆိုင် မတူညီအောင် ထိုင်းစတိုင် အပြင်အဆင် များဖြင့် ခင်းကျင်း ပြင်ဆင် ထားတာကို တွေ့မြင် ရမည် ဖြစ်သည်။

Thai Pot ဆိုင်များကို အရှေ့မြင်းပြိုင်ကွင်းလမ်း တာမွေမြို့နယ်တွင် တစ်ဆိုင် ၊ လှိုင်မြို့နယ် အင်းစိန် လမ်းမ ကြီးတွင် တစ်ဆိုင် ဖွင့်လှစ် ထားပြီး စာသုံးသူများ အဆင်ပြေစေဖို့ အတွက် ကြည်မြင့်တိုင်မြို့နယ် ရန်ကုန် အနောက်ပိုင်း ဆေးရုံနား၌ အောက်တို ဘာ ၁၈ရက်တွင် ဆိုင်ခွဲ အနေဖြင့် ထပ်မံ ဖွင့်လှစ် လိုက်သည်။

Thai Pot ဆိုင်မှာ Hot Pot နဲ့ BBQ ကို တွဲဖက် စားသုံးနိုင်သလို တခြား အစားအစာ များကိုလည်း မှာယူ စားသုံး နိုင်သည်။ ဥပမာ ကော်ပြန့်ကြော် ၊ တုန့်ယမ်းထမင်းကြော် အပြင် ထူးခြားတဲ့ ထိုင်း သရေစာ များကို လည်း စားသုံး နိုင်မည် ဖြစ်သည်။ မီးဖိုအိုးများကိုလည်း ကြေးနီအိုးများ ကို အသုံးပြုထားတာကို တွေ့ရသည်။

ဆိုင်ရဲ့ ထူးခြားချက် ကတော့ Hot Pot ဟင်းရည်ကို စားသုံးသူများ အတွက် အထူး ကောင်းမွန်အောင် သေချာ ပြုလုပ် ထားပြီး ထိုင်းစာဖိုမှူး များ၏ သင်ကြားမှု များဖြင့်  မြန်မာနိုင်ငံ မှ စာဖိုမှူးများက ချက်ပြုတ်ခြင်း ဖြစ်သည်။ ဆိုင် အပြင်အဆင် အပြင် ဝန်ထမ်း များ၏ မျက်နှာများတွင်လည်း ဖော်ရွေမှုကို တွေ့မြင် ရမည် ဖြစ်သည်။

ကြည့်မြင်တိုင် တွင် ဖွင့်လှစ် ထားသည့် Thai Pot ဆိုင်တွင် Hot Pot အိုး လေးများကို နေရာ တချို့တွင် ချိတ်ဆွဲ ထားတာကို တွေ့မြင် ရမည် ဖြစ်ပြီး ဆိုင်အတွင်း ပထမအထပ် ၊ အောက်ထပ် အပြင် အပေါ်ဆုံး အထပ် တွင်လည်း လေညှင်းခံပြီး စားသုံး နိုင်မည် ဖြစ်သည်။

ကြက်သား ဝက်သား ပင်လယ်စာ တွေကို ကြိုက်နှစ်သက်ရာ ရွေးချယ်ပြီး စားသုံးနိုင်သလို လူကြီးတစ်ဦး လျှင် ၉၉၀၀ကျပ် ဖြင့် သတ်မှတ် ထား သည်။ ၅နှစ် မှ ၁၂နှစ်ကြား ကလေးများကိုတော့ဈေးနှုန်း တစ်ဝက် သတ်မှတ် ထားပြီး ၅နှစ်အောက် ကလေးများ အတွက် ကိုတော့ ဈေးနှုန်း သတ်မှတ် ထားခြင်း မရှိပေ။

လာရောက် စားသုံးသူများ အတွက် Thai Pot ဆိုင်မှ အစီအစဉ်သစ်များ ရေးဆွဲ ထားပြီး Menu ပိုင်း ၊ အစား အသောက်ပိုင်း အပြောင်းအလဲများ ပြုလုပ်ဖို့ ရှိသလို Thai Pot ဆိုင်မှ ဝါရင့် စာဖိုမှူးများမှ စာသုံးသူများရှေ့ တစ်ခါတည်း ချက်ပြုတ် ပေးပြီး သုံးဆောင် နိုင်ဖို့ အတွက် ကိုလည်း စီစဉ် ထားသည်။

အစားအသောက် အမျိုး ၇၀ လောက်အထိ ရရှိနိုင်ပြီး အအေး အစုံအလင် အပြင် ရေခဲမုန့်များလည်း ရရှိနိုင်မည် ဖြစ်သည်။ မွေးနေ့ပွဲများ ၊ အခမ်းအနားများကိုလည်း လက်ခံ ပြုလုပ် ပေးနေပြီး ၂ရက် ကြိုတင် Booking ပြုလုပ် ရမည် ဖြစ်သည်။

ရန်ကုန်မြို့တွင် Hot Pot နှင့် BBQ ဆိုင်များသည် လူငယ်များ အကြား ခေတ်စား လာသည့် အတွက် Thai Pot ဆိုင်သည်လည်း မိသားစု သူငယ်ချင်း မိတ်ဆွေ များနှင့် အပန်းဖြေ နိုင်မည့် နေရာသစ် တစ်ခု အဖြစ် ရွေးချယ် နိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required