မာရာဒိုနာရဲ့ အငယ်ဆုံးသမီးအပါအဝင် အဂွီရိုတွဲခဲ့သမျှ အလန်းဇယားလေးများ

မာရာဒိုနာရဲ့ အငယ်ဆုံးသမီးအပါအဝင် အဂွီရိုတွဲခဲ့သမျှ အလန်းဇယားလေးများ

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး အဂွီရိုကတော့ ပရီးမီးယားလိဂ်မှာ မြာအစွံဆုံး ကစားသမားလို့တောင် ပြောရမယ်ထင်ပါတယ်။ အာဂျင်တီးနား ဂန္ဓဝင်တိုက်စစ်မှူးကြီး မာရာဒိုနာရဲ့အငယ်ဆုံးသမီးလေးကို ရအောင်ယူပြီး ၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့တဲ့ အဂွီရိုဟာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီမှာ သားယောကျင်္ားလေးတစ်ယောက်ကို ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ၂၀၁၂ ခုနှစ်မှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်းက အဆုံးသတ်သွားခဲ့ပြီး နှစ်ဦးသဘောတူ ပြတ်စဲလိုက်ကြတာပါ။

အဲဒီနောက်မှာတော့ အဂွီရိုဟာ နောက်ထပ် အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိပုံမရတော့ပဲ ကောင်မလေးတွေကိုသာ တစ်ယောက်ပြီး တစ်ယောက် တွဲခုတ်နေခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ နိုက်ကလပ်တစ်ခုထဲကနေ ကောင်မလေး ၄ ယောက်ကို ကားပေါ်တင်ခေါ်သွားတဲ့ အဂွီရိုရဲ့ ပုံရိပ်တွေကို မြင်လိုက်ရပြီးကတည်းက သတင်းစာတွေဟာ အဂွီရို တွဲခဲ့တဲ့ ကောင်မလေးတွေကို စာရင်းလုပ်ပြီး ဖော်ပြနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ သူတို့ တွေ့ရှိခဲ့သလောက်ကတော့ ဒီလိုပါ ….

(၁)။ ဂျီယန်နာ မာရာဒိုနာ

ဒါကတော့ အဂွီရိုရဲ့ ဇနီးသည်ဟောင်း ဂျီယန်နာနဲ့ သားဖြစ်သူတို့ရဲ့ ပုံရိပ်ပါ။

 
 
 
 

 
 
 
 
 
 
 
 
 

La mejor versión de mi.

A post shared by Gianinna Maradona (@giamaradona) on

(၂)။ ကာရီနာ တီဂျီဒါ

ဒီတစ်ယောက်ကတော့ ဂျီယန်နာနဲ့ ကွာရှင်းပြီးနောက်ပိုင်း အဂွီရို တွဲခုတ်ခဲ့တဲ့ အာဂျင်တီးနား အဆိုတော်ပါ။ သူ့ကို နိုင်ငံတွင်းမှာတော့ Little Princess လို့ လူသိများပြီး အဂွီရိုရဲ့ ချစ်သူစာရင်းထဲမှာ ပါသွားခဲ့သူပါ။

 
 
 
 

 
 
 
 
 
 
 
 
 

Life happens, coffee helps. #coffee #coldday

A post shared by Karina Tejeda (@karina.tejeda) on

(၃)။ ဇိုး ခရစ္စတိုဖိုလီ

ဒီတစ်ယောက်ကတော့ သူမရဲ့ ခန္ဓာကိုယ်က တက်တူးတွေကြောင့် အင်စတာဂရမ်မှာ နာမည်ကြီးနေသူ တစ်ယောက်ပါ။ သူမက အဂွီရိုနဲ့ ၂၀၁၈ ခုနှစ်တုန်းက ဒိတ်ခဲ့တယ်လို့ သတင်းထွက်ခဲ့သူဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ ပုံရိပ်တွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ မြင်တွေ့ခဲ့ရဖူးပါတယ်။

 
 
 
 

 
 
 
 
 
 
 
 
 

Tratto da una storia vera

A post shared by ZOE CRISTOFOLI (@zoe_cristofoli) on

(၄)။ တေလာ ၀ါ့ဒ်

အသက် ၂၂ နှစ်အရွယ် တီဗီကြယ်ပွင့်လေး တေလာက အဂွီရိုနဲ့ ပြီးခဲ့တဲ့နှစ် မတ်လ အတွင်းမှာမှ စပြီး တွဲခဲ့တာပါ။ သူက ပရီးမီးယားလိဂ် ကစားသမားဟောင်း အက်ရှ်လေဝါ့ဒ်ရဲ့ သမီးဖြစ်ပြီး ကေတီပရိုက်စ်ရဲ့ချစ်သူဟောင်းနဲ့လည်း ဇာတ်လမ်းတွေ ဖြစ်ခဲ့ဖူးသူပါ။ ဒါပေမယ့် သူနဲ့ အဂွီရိုရဲ့ ဇာတ်လမ်းက ကြာကြာမခံလိုက်ဘူးလို့ မီဒီယာတွေက ဖော်ပြပါတယ်။

(၅)။ ဆိုဖီယာ ကယ်လ်ဇက်တီ

အဂွီရို တွဲခဲ့သမျှထဲမှာ အချစ်ခံခဲ့ရဆုံး မိန်းကလေးလို့ ဖော်ပြခံခဲ့ရသူ တစ်ယောက်ပါ။ သူတို့က အင်စတာဂရမ်မှာ တရားဝင် ဓာတ်ပုံတွေပါ တင်ခဲ့ကြပြီး လက်ရှိအချိန်အထိ သူတို့နှစ်ယောက် တွဲနေကြတုန်းပဲလို့ သိရပါတယ်။ ဒီမိန်းကလေးက အသက် ၂၃ နှစ်အရွယ်သာ ရှိသေးပြီး မော်ဒယ်မလေး တစ်ယောက်ပါ။

 
 
 
 

 
 
 
 
 
 
 
 
 

 

A post shared by Sofíα Cαlzetti (@soficalzetti) on

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required