ရုရှားမှာ ကလေးမွေးဖွားနှုန်း မြှင့်တင်ရန် ဖန်ပြွန်သန္ဓေသား ယူခြင်းကို အခမဲ့ ဆောင်ရွက်ပေးနေ

ရုရှားမှာ ကလေးမွေးဖွားနှုန်း မြှင့်တင်ရန် ဖန်ပြွန်သန္ဓေသား ယူခြင်းကို အခမဲ့ ဆောင်ရွက်ပေးနေ

ဇန်နဝါရီ ၃၀  ။                     ။ ဗယ်လာရီယာ ပါရှကိုဟာ ကိုယ်ဝန်ဆောင် ကလေးမွေးနိုင်ဖို့အတွက် ကြိုးစားနေတာ သုံးနှစ်မက ရှိနေပါပြီ။ အခုတော့ သူ့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ဟာ ဖန်ပြွန်သန္ဓေသားနဲ့ ကိုယ်ဝန် ဆောင် နိုင် ဖို့ပါပဲ။ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကလေးရအောင် လုပ်ဆောင်ပေးတာကို ရုရှားကျန်းမာရေးဌာနဟာ အခမဲ့ ဆောာင်ရွက်ပေးလျက် ရှိနေတာ ဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ နိုင်ငံတွင်းမှာ ကလေးမွေးဖွားနှုန်း ကျဆင်းတာကို တားဆီးနိုင်ဖို့ ရုရှားအာဏာပိုင်တွေအနေနဲ့ ကြိုးပမ်းနေရလို့ပါပဲ။

“ဖန်ပြွန်သန္ဓေသား ယူဖို့အတွက် ကုန်ကျစရိတ် အတော်ထောင်းတာပါ။ ခုတော့ အလကား ရယူနိုင်တော့မယ်လေ။ ဒါကြောင့် ကျွန်မယောက်ကျားရော၊ ကျွန်မပါ တော်တော်လေး စိတ်သက်သာရ ရသွားရတယ်။ ခုဆို ကျွန်မ ကလေး ရယူနိုင်ဖို့အတွက် နောက်ဆုံး မျှော်လင့်ချက် ဖန်ပြွန်သန္ဓေသား ရယူဖို့ကို အခမဲ့ ရယူနိုင်ပြီလေ။”ဟု ပါရှကိုက ပြောပါတယ်။

ရုရှားနိုင်ငံမှာ ကလေးမွေးဖွားမှု မြင့်တက်လာရေးဟာ သမ္မတ ဗလာဒီမာပူတင်ရဲ့ ထိပ်တန်းဦးစားပေး ကဏ္ဍတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီလအတွင်းက နိုင်ငံတော်မိန့်ခွန်းပြောရာမှာလည်း ပူတင်ဟာ ကလေးမွေးဖွားနှုန်း မြင့်မားရေးကို အဓိကထား ပြောသွားပါတယ်။

“ရုရှားရဲ့ ကံဇာတာနဲ့ သမိုင်းအလားအလာဟာ ရုရှားပြည်သူတွေ ဘယ်လောက် ရှိသလဲဆိုတာအပေါ်မှာ မူတည်နေတယ်။”လို့ ပူတင်က ပြောပါတယ်။ နိုင်ငံရဲ့ ဖွားသေနှုန်းထား ကွာဟချက် ချောက်ကမ်းပါးကနေ လွတ်မြောက်ဖို့ ကူညီရာရောက်တဲ့ ကလေးမွေးဖွားတဲ့ မိသားစုတွေကို ကလေး အကျိုးခံစားခွင့်နဲ့ ရန်ပုံငွေတွေ မြှင့်တင်ပေးသွားမယ်လို့ ကြေညာရင်း သမ္မတပူတင်က ပြောသွားတာ ဖြစ်ပါတယ်။

လူဦးရေ ၁၄၈ ဒသမ ၃ သန်း ရှိခဲ့တဲ့ ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ၂၀၁၀ မှာ ရုရှနိုင်ငံဟာ လူဦးရေ ၁၄၂ ဒသမ ၉ သန်းအထိ ထိုးကျသွားပါတယ်။ လက်ရှိမှာတော့ လူဦးရေး ၁၄၆ သန်းအထိ မြင့်တက်လာပေမယ့် ထပ်မံကျဆင်းသွားမယ့် အလားအလာနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required