အလေးချိန် ၁၄၀ ကီလိုရှိ ဆူးတောင်ပြာ တူနာငါးကြီးတစ်ကောင်ကို ဂါဇာ တံငါသည်များ ဖမ်းမိ

အလေးချိန် ၁၄၀ ကီလိုရှိ ဆူးတောင်ပြာ တူနာငါးကြီးတစ်ကောင်ကို ဂါဇာ တံငါသည်များ ဖမ်းမိ

အောက်တိုဘာ ၃၁။         ။ ဂါဇာကမ်းမြှောင် ကမ်းရိုးတန်းတွင် ဖမ်းမိခဲ့သော အလေးချိန် ၁၄၀ ကီလိုဂရမ်ရှိ ဆူးတောင်ပြာ တူနာငါးကြီးတစ်ကောင်ကို ပါလက်စတိုင်း တံငါသည်တွေ ထုတ်ဖော်ပြသခဲ့ပါတယ်။

“ ဒီ ငါးကြီးကတော့ တစ်ကမ္ဘာလုံးက သိထားကြတဲ့ ဆူးတောင်ပြာ တူနာငါးကြီးပါ၊ ကျွန်တော်တို့ ဒါကို အရင်တုန်းကတော့ တီဗီထဲမှာ တွေ့ခဲ့ဖူးတာပါ၊ ဒီငါးမျိုးက ဒီဘက်မှာ တွေ့ရခဲပါတယ်၊ ဒီတူနာငါးတွေက ဂါဇာ ကမ်းခြေဘက်ကို တစ်နှစ်လုံးမှာမှ တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ လာတတ်ကြတာပါ၊ ဒါ အင်မတန် ကံကောင်းလို့ ခုလို ဖမ်းမိတာပါ” လို့ ပါလက်စတိုင်း တံငါသည်တစ်ဦးဖြစ်တဲ့ ဆူဟေးလ် အယ်လ်ဟန်ဒီက ပြောသွားပါတယ်။

အဆိုပါ ငါးကြီးကိုတော့ ရေအောက် အနက် ရှစ်မိုင်နဲ့ ကိုးမိုင်အကြားလောက်ကနေ ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယင်း တူနာငါးကြီးကတော့ အရှည် မီတာဝက်ခန့် ရှိပြီး အလေးချိန် ၁၄၀ ကီလိုဂရမ် ရှိပါတယ်လို့ သိရပါတယ်။

ယင်းငါးကြီးအပြင် အလေးချိန် ကီလို ၉၀ ရှိ တူနာငါးတစ်ကောင်ကိုလည်း ဖမ်းမိခဲ့သေးတယ်လို့ သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required