မက္ကဆီကို အနောက်ပိုင်းမှာ လက်နက်ကိုင်တွေ ချုံခိုတိုက်ခိုက်ပြီး ရဲ ၁၄ ဦးကို သတ်ဖြတ်

မက္ကဆီကို အနောက်ပိုင်းမှာ လက်နက်ကိုင်တွေ ချုံခိုတိုက်ခိုက်ပြီး ရဲ ၁၄ ဦးကို သတ်ဖြတ်

မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၁၅။         ။ မက္ကဆီကိုအနောက်ပိုင်းက ရာဇဝတ်ဂိုဏ်းတွေ ကြီးစိုးရာ တည်ငြိမ်မှု ကင်းမဲ့ရာ မီချိုယာကန်ပြည်နယ်မှာ လက်နက်ကိုင်တွေက ချုံခိုတိုက်ခိုက်ပြီး ရဲ ၁၄ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

ပြည်နယ်ရဲတပ်ဖွဲ့က မြို့ပြင်ရပ်မှာ ကင်းလှည့်လုပ်ငန်း ဆောင်ရွက်ချိန်မှာ သံချပ်ကာထရပ်ကားတွေနဲ့ လက်နက်ကိုင်တွေက စတင်ပစ်ခတ်တာလို့ ဌာနေမီဒီယာတွေက ဖော်ပြပါတယ်။

လက်နက်ကိုင်တွေဟာ ရဲလှည့်ကင်းကားနှစ်စီးကို မီးတင်ရှို့ပြီး လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ရိုက်ခြိမ်းခြောက်တဲ့ မက်ဆေ့ချ်တွေ ထားခဲ့တယ်လို့ သိရပါတယ်။

အဂွီလီလာမြို့မှာ ဖြစ်ပွားတဲ့ ရဲ ၁၄ ဦး သတ်ဖြတ်ခံရတဲ့ ဒီ တိုက်ခိုက်မှုကို အစိုးရက ရှုတ်ချထားပါတယ်။ “ပြည်နယ်အစိုးရဆီ ဆက်သွယ်ထားပြီး တိုက်ခိုက်တဲ့ လက်သည်တရားခံတွေကို ဖမ်းဆီးတရားစီရင်နိုင်ဖို့ ရှာဖွေဖော်ထုတ်နေပါတယ်။”လို့ လုံခြုံရေးဝန်ကြီးဌာနက တွစ်တာမှာ ရေးသားဖော်ပြပါတယ်။

အခု တိုက်ခိုက်မှုဟာ သူရဲဘောကြောင့်တဲ့ ချုံခိုတိုက်ခိုက်မှုပဲ ဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဆီဗာနိုက ရှုတ်ချပြောဆိုပါတယ်။ တိုက်ခိုက်မှုနောက်ပိုင်းမှာ ပြည်နယ်အတွင်းက လမ်းတွေမှာ ရဲစစ်ဆေးရေးဂိတ်တွေ ထားရှိထားပြီ ဖြစ်ပါတယ်။

မီချိုယာကန်ပြည်နယ်ဟာ မူးယစ်ဂိုဏ်းတွေ၊ အခြားရာဇဝတ်မှုဂိုဏ်းတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေကြောင့် ဆူပူအကြမ်းဖမ်းမှုတွေ နှစ်များစွာ ဖြစ်ပွားနေရာ ပြည်နယ်ပဲ ဖြစ်ပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required