ပုဂံရှေးဟောင်းဇုန်ထဲက ဟိုတယ်တွေရွှေ့ပြောင်းရတော့မှာလား

20 July 2019
ပုဂံရှေးဟောင်းဇုန်ထဲက ဟိုတယ်တွေရွှေ့ပြောင်းရတော့မှာလား

 ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပင်  ရှေးဟောင်းဇုန်ထဲတွင် ရှိနေသည့်  ဟိုတယ်များ  ပြောင်းရွှေ့ပေးရေး ကိစ္စသည် အသံကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ပုဂံကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ကြောင်း ယူနက်စကိုက ဇူလိုင် ၆ ရက်နေ့က တရားဝင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့အမွေအနှစ် အဖြစ်သတ်မှတ်ခံရသည့် နယ်မြေတွင်  ဘုရားစေတီများ  ရှေးဟောင်းအုတ်ကျောင်းများနှင့် လူနေရပ်ကွက်တချို့လည်းပါဝင်သည်။

ပုဂံဒေသ ခရီးသွားလုပ်ငန်းအတွက် ဟိုတယ်များ လိုအပ်သော်လည်း ယဉ်ကျေးမှုအမွေအနှစ်များကို  ထိခိုက် နိုင်ခြေရှိသည့်  ရှေးဟောင်းဇုန်ထဲကိုရောက်နေသော ဟိုတယ်ကြီးတချို့ကို ပြောင်းရွှေ့ပေးရန် ယူနက်စကိုဘက်က ပြောဆိုထားသည်။

ရိုက်ကူး/ တင်ဆက် - စိုးသူအောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required