မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေသော မျက်ခုံးဖြူမျောက်လွှဲကျော်များကို ထိန်းသိမ်းရန် ဆောင်ရွက်နေ

မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေသော မျက်ခုံးဖြူမျောက်လွှဲကျော်များကို ထိန်းသိမ်းရန် ဆောင်ရွက်နေ

မကွေး၊ မတ် ၃၀ ။    ။ ကမ္ဘာတွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မျက်ခုံးဖြူမျောက်လွှဲကျော်များကို ထိန်းသိမ်းရေး အတွက် ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှသိရသည်။

အဆိုပါ မျက်ခုံးဖြူမျောက်လွှဲကျော်များသည် ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ် နယ်စပ်တောကြီးများနှင့် အမ်း တောင်တန်း လမ်းဘေးတွင်ရှိကြောင်း မျက်ခုံးဖြူမျောက်လွှဲကျော်များနေထိုင်ကျက်စားသည့် အမ်းတောင် တန်းလမ်းဘေးတွင် သဘာဝထိန်းသိမ်းရေနယ်မြေအနေဖြင့် ဧက(၃၇၀၀)ကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

"မျက်ခုံဖြူမျောက်လွှဲကျော်တွေ အကောင်ရေဘယ်လောက်ရှိတယ် ဆိုတာတော့မသိပါဘူး။ အဲ့ဒီတောထဲမှာ ရှိတယ်ဆိုတာတော့ ဓာတ်ပုံမှတ်တမ်းတွေအရသိပါတယ်။ တောထဲကိုသွားရင် အော်တိုကင်မရာတွေတပ် ဆင်ပြီးသွားတာဖြစ်တဲ့အတွက် ကင်မရာ တွေကနေသိရတာရှိတယ်။ နိုင်ငံခြားမှာဆိုရင်တော့ ရှားပါး တိရစ္ဆာန် တွေကို သေချာစနစ်တကျပျိုးထောင်ပြီး မွေးမြူတာရှိပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ရန်ပုံ ငွေလည်းမရှိသေး တဲ့အတွက် စနစ်တကျထိန်းသိမ်းနိုင်ချင်းတော့မရှိပါဘူး။ အင်တာနေရှင်နယ်အရ နိုင်ငံခြားက သုတေသန ပြုလုပ်သူတွေနဲ့ပူးပေါင်းဆောင်ရွက်တာတွေတော့ရှိပါတယ်” ဟု မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီး ဌာနမှ ညွန်ကြားရေးမှူးဦးမြင့်သိန်းခိုင်က ပြောသည်။

မျောက်လွှဲကျော်များ နေထိုင်ကျက်စားရာ နေရာကို ကြိုးဝိုင်းတောအဖြစ် သက်မှတ်ပြီး ယင်းကြိုးဝိုင်းတောထဲမှ သစ်ထုတ်ခြင်းကို မပြုလုပ်ဘဲ သစ်ပင်များကိုထိန်းသိမ်းကြောင်း ထို့အပြင် ရှားပါတိရစ္ဆာန်များ၏ စာရင်းကို ကောက်နိုင်ရန် အသေးစိတ် ဆောင်ရွက်နိုင်ရေးအတွက် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ကန့်သတ် ထားကြောင်း မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

အဆိုပါမျောက်လွှဲကျော်များနေထိုင်ကျက်စားရာနေရာအနီးတွင် အရှိုချင်းတိုင်းရင်သားများနေထိုင်ကြောင်း ယင်းတိုင်းရင်းသားများက မျောက်လွှဲကျော်များ၏အသံမှာ မင်္ဂလာရှိသည့်အသံဟုဆိုကာ ဓလေ့အရအမဲ လိုက်ရာတွင်ရှောင်ကြကြောင်းသိရသည်။

"ကျွန်တော်တို့က ဝန်ထမ်းအင်းအားနည်းတဲ့အတွက် မူရင်းဒေသမှာနေကြတဲ့ပြည်သူတွေကိုပဲ သဘာဝ တော ရိုင်းတိရစ္ဆာန်နဲ့ သစ်ပင်သစ်တောတွေကိုထိန်းသိမ်းဖို့ ပူးပေါင်းဆောင်ရွက်ရပါတယ်။ Network ချိတ်ပြီး ဆောင် ရွက်တာတွေလည်းရှိပါတယ်။ သတင်းပေးသူတွေကိုလည်း ကာကွယ်ပေးထားပါတယ်” ဟု ဦးမြင့်သိန်းခိုင်က ဆက်ပြောသည်။

ထို့အပြင် တိရစ္ဆာန်များကာကွယ်ရေးအတွက် သာမန်ကာကွယ်ထားသည့်တိရစ္ဆာန်နှင့်  လုံးဝကာကွယ် ထားသည့် တိရစ္ဆာန်ဟူ၍ နှစ်မျိးရှိပြီး သာမန်ကာကွယ်ထားသည့်တိရစ္ဆာန်များကို မျိုးပွားချိန်တွင် အမဲမပြစ်ရန် တားမြစ်ထားကြောင်း လုံးဝကာကွယ်ထားသည့် တိရစ္ဆာန်များကိုမူ လုံးဝအမဲမပြစ်ရန်ထားမြစ်ပြီး ဆိုင်းပုဒ်များ ထောင်ကာ အသိပညာပေးဟောပြောပွဲများပြုလုပ်ထားကြောင်း သိရသည်။

 
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required