ပါလက်စတိုင်း ဟားမတ်အဖွဲ့ကို ရှုတ်ချတဲ့ အမေရိကန်အဆိုကို ကုလသမဂ္ဂ ပယ်ချ

ပါလက်စတိုင်း ဟားမတ်အဖွဲ့ကို ရှုတ်ချတဲ့ အမေရိကန်အဆိုကို ကုလသမဂ္ဂ ပယ်ချ

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၇ ။     ။ အစ္စရေးဖက်ဆီ ဒုံးကျည်တွေ ပစ်လွှတ်တိုက်ခိုက်တဲ့ ပါလက်စတိုင်း ဟားမတ်လှုပ်ရှားမှုအဖွဲ့ကို ရှုတ်ချတဲ့ အဆိုကို ကုလသမဂ္ဂက ပယ်ချလိုက်ပါတယ်။

အမေရိကန်ရဲ့ အဆိုကို ဥရောပက ထောက်ခံပေမယ့် ကုလသမဂ္ဂမှာ လုံလောက်တဲ့ မဲမရဘဲ ကြာသပတေးနေ့မှာ အဆို ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမျိုးသမီး သံအမတ်ကြီး နစ်ကီဟေလီ တင်သွင်းတဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်မူကြမ်းအဆိုဟာ အထွေထွေညီလာခံမှာ ထောက်ခံမဲ ၈၇ မဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုတစ်ခု အတည်ဖြစ်ဖို့ဆိုရင် အထွေထွေညီလာခံရဲ့ သုံးပုံနှစ်ပုံ ထောက်ခံမဲ ရဖို့ လိုအပ်တာကြောင့် အမေရိကန်ရဲ့ အဆိုဟာ အရေးမလှ ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ အဲဒီအဆိုကို ၅၇ နိုင်ငံက ကန့်ကွက်ပြီး ကြားနေနိုင်ငံက ၃၃ နိုင်ငံ ရှိခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required