မက္ကဆီကို သမ္မတသစ်အဖြစ် လက်ဝဲဝါဒီတစ်ဦးဖြစ်တဲ့ လိုပက်ဇ် အိုဘရာဒေါ ကျမ်းသစ္စာ ကျိန်ဆို

မက္ကဆီကို သမ္မတသစ်အဖြစ် လက်ဝဲဝါဒီတစ်ဦးဖြစ်တဲ့ လိုပက်ဇ် အိုဘရာဒေါ ကျမ်းသစ္စာ ကျိန်ဆို

ဒီဇင်ဘာ ၂ ။          ။ မက္ကဆီကို သမ္မတသစ်အဖြစ် လက်ဝဲဝါဒီ သမ္မတလောင်းတစ်ဦး ဖြစ်တဲ့ လိုပက်ဇ် အိုဘရာဒေါက ယမန်နေ့ ဒီဇင်ဘာ ၁ ရက်မှာပဲ တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

သမ္မတသစ်ဖြစ်လာတဲ့ လိုပက်ဇ် အိုဘရာဒေါကတော့ ဆယ်စုနှစ် ခုနစ်စုအတွင်း မက္ကဆီကိုရဲ့ ပထမဆုံးသော လက်ဝဲဝါဒီ သမ္မတတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

ပါလီမန်မှာ ကျင်းပတဲ့ ကျမ်းကျိန်ပွဲအခမ်းအနားမှာတော့ သမ္မတသစ် အိုဘရာဒေါက နိုင်ငံမှာ ကြီးကြီးမားမား အမြစ်တွယ်နေတဲ့ အကျင့်ပျက်ခြစားမှုနဲ့အတူ အပြစ်လုပ်ပြီး ပြစ်ဒဏ်ကနေ ရှောင်လွဲနေမှုတွေကို အဓိက တိုက်ဖျက်သွားမယ်ဆိုပြီး ကတိပြုသွားခဲ့ပါတယ်။

ဒါ့အပြင် ဆင်းရဲသားတွေနဲ့ ပစ်ပယ်ခံ ပြည်သူလူထုဘက်ကနေ ရပ်တည်ပြီး နိုင်ငံကို အသွင်ပြောင်းလဲ ဖော်ဆောင်ပေးသွားမယ်ဆိုပြီး မက္ကဆီကို သမ္မတသစ်က ထုတ်ဖော်သွားပါတယ်။

အသက် ၆၅ နှစ်ရှိ သမ္မတသစ် အိုဘရာဒေါကတော့ ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိပြီး ဒီဇင်ဘာ ၁ ရက်နေစလို့ မက္ကဆီကိုသမ္မတအဖြစ် တရားဝင် စတင်တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required