အာဆီယံထိပ်သီးအစည်းအဝေးမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စက်ရုပ်ရဲ 'Robocop'

အာဆီယံထိပ်သီးအစည်းအဝေးမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စက်ရုပ်ရဲ 'Robocop'

နိုဝင်ဘာ ၁၃ ။           ။ စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်းမှာတော့ 'Robocoop' လို့ ခေါ်တဲ့ ရဲစက်ရုပ်တစ်ရုပ်က လုံခြုံရေးအတွက် ကင်းလှည့်စောင့်ကြည့်မှု တာဝန်တွေကို ထမ်းဆောင်နေလျက်  ရှိပါတယ်။

အဆိုပါ စက်ရုပ်ရဲကိုတော့ စင်ကာပူနိုင်ငံက Suntec City Convention and Exhibition Centre မှာ ကင်းလှည့်တာဝန်ထမ်းဆောင်နေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အထိ စင်ကာပူမှာ ၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို  ကျင်းပမှာဖြစ်ပြီး အဆိုပါ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ဖို့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း စင်ကာပူမှာ ရောက်ရှိနေလျက် ရှိပါတယ်။

ယခုနှစ် ထိပ်သီးအစည်းအဝေးကျင်းပရာမှာတော့ လုံခြုံရေးပိုင်းကို စင်ကာပူတို့ အထူးတိုးမြှင့်ထားလျက် ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ယင်းရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ကမ်းရိုးတန်း စောင့်ကြည့်ကင်မရာ အလုံးပေါင်း ၃၁၄ လုံး တပ်ဆင်ထားပြီးဖြစ်တယ်လို့လည်း စင်ကာပူတို့ ထုတ်ပြန်ထားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required