နာရေးကူညီမှုအသင်း ၀က်ဆိုဒ် အဟက်ခံရ

နာရေးကူညီမှုအသင်း ၀က်ဆိုဒ် အဟက်ခံရ

ရန်ကုန် သြဂုတ် ၃၁ ။       ။ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဝက်ဆိုဒ်စာမျက်နှာကို Myanmar Muslim Cyber Force ဆိုသူများက သြဂုတ် ၃၁ ရက် က ဝင်ရောက်တိုက်ခိုက် (Hack) ထားသည်။

ရခိုင်ပြည်နယ်အတွင်း ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အစ္စလမ်ဘာသာဝင်များအပေါ် ခွဲခြားသည်ဟု စွပ်စွဲချက်ဖြင့် တိုက်ခိုက်ထားခြင်းဖြစ်သည်။

"STOP RACISM" ဟု အင်္ဂလိပ်စာဖြင့် ဖော်ပြထားပြီး၊ "ဦးကျော်သူရေ ခင်ဗျားကို အရင်ကတော့ လေးစားတယ် ဒါပေမယ့် ရခိုင်မှာတော့ ခင်ဗျားက ရေမြုပ်တာခြင်းအတူတူ အစ္စလမ်ဘာသာဝင်တွေကို ခွဲခြားခဲ့တယ် ဆိုတာ ဝန်ခံလိုက်စမ်းပါဗျာ ... နောက် သတိထားဗျာ နော်..:D" ဟု နာရေးကူညီမှုအသင်း(ရန်ကုန်) ဝက်ဆိုဒ် www.ffssyangon.org စာမျက်နှာတွင် Myanmar Muslim Cyber Force ဆိုသူများက မြန်မာစာဖြင့်ရေးသားထားသည်။

"ကျွန်မတို့ ခဏခဏ အဟက်ခံရလို့ အဲဒီစာမျက်နှာကိုတောင် update သိပ်မလုပ်ဖြစ်ဘူး။ သူတို့ပြောထားသလို မလုပ်ခဲ့ပါဘူး။ သွားလာရခက်ခဲတဲ့နေရာတွေ ကျန်ခဲ့တာပဲရှိမယ်။ တစ်ခြားနေရာတွေဆို ဘာသာ၊ လူမျိုးမခြားပဲ ကူညီတာ လူမှုကွန်ယက်စာမျက်နှာမှာ တွေ့နိုင်ပါတယ်။" ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံး အုပ်ချုပ်ရေးမှုး ဒေါ်ဧရာမောင်မောင် က မဇ္ဈိမကို အတည်ပြု ပြောသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ဝက်ဆိုဒ်စာမျက်နှာကို လွန်ခဲ့သည့် တစ်နှစ်ခွဲမှ စတင်ကာ အဖွဲ့အစည်းပေါင်းစုံ၏ မကြာခဏ တိုက်ခိုက်ခြင်းများ ခံနေရသည်ဟုလည်း ဒေါ်ဧရာမောင်မောင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required