ကိုရီးယားထိပ်သီးအစည်းအဝေး ဂုဏ်ပြုထမင်းစားပွဲကို First ladies တွေလည်း တက်ရောက်မည်

ကိုရီးယားထိပ်သီးအစည်းအဝေး ဂုဏ်ပြုထမင်းစားပွဲကို First ladies တွေလည်း တက်ရောက်မည်

ဧပြီ ၂၇ ။        ။ တောင်နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်တွေအကြား ဧပြီ ၂၇ ရက် သမိုင်းဝင် ထိပ်သီးအစည်းအဝေး ကျင်းပပြီးစီးချိန်မှာ ပြုလုပ်မယ့် နိုင်ငံတော်အဆင့် ဂုဏ်ပြု ထမင်းစားပွဲမှာတော့ နှစ်ဘက်ခေါင်းဆောင်ကြီးနှစ်ဦးရဲ့ ဇနီးသည်တွေလည်း အတူ တက်ရောက်လာကြမှာဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

အစောပိုင်းတုန်းကတော့ အဆိုပါ ဂုဏ်ပြု စားပွဲမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ရဲ့ ဇနီး ရီ ဆိုလ်ဂျူနဲ့ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းရဲ့ ကတော် ကင်မ်ဂျန်းဆွတ်ခ် တို့ နှစ်ဦး ပါ၀င်တက်ရောက်လာနိုင်မှု နဲ့ပတ်သက်လို့ မသေမချာ မရေရာတဲ့ အနေအထားမှာ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required