FDA စစ်ဆေးမှုများသည် ငါးပွက်ရာ ငါးစာချနေသည့် အလုပ်မျိုး မဟုတ်ဘဲ စနစ်နှင့်လုပ်ကိုင်ခြင်းဟု ပြော

FDA စစ်ဆေးမှုများသည် ငါးပွက်ရာ ငါးစာချနေသည့် အလုပ်မျိုး မဟုတ်ဘဲ စနစ်နှင့်လုပ်ကိုင်ခြင်းဟု ပြော

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃။                   ။ FDA အနေဖြင့် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်များတွင် သုံးစွဲသူများ အန္တရာယ်ကင်းရှင်းရေးကို ဂိတ်ဆုံးထိ တိုးမြှင့်လုပ်ဆောင်နေပြီး ငါးပွက်ရာ ငါးစာချနေသလို လုပ်ကိုင်နေခြင်းမျိုးမဟုတ်ဘဲ စနစ်တစ်ခုထား လုပ်ဆောင်နေကြောင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောသည်။

“The Year Of Safety and Action လို့ သတ်မှတ်ရင် ဘာလုပ်မလဲ တိတိကျကျ ရှိရတော့မယ်။ လမ်းပြမြေပုံရှိရတေ့ာမယ်။  နဂိုကလည်း ကျွန်တော်တို့က Systemically သွားနေပါတယ်။ ကျွန်တော်တို့ဌာနဆိုရင် Monthly Work Plan၊ရှိပါတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေ လစဉ်လှုပ်ရှားနေတာဟာ ငါးပွက်ရာ ငါးစာချတဲ့ အဆင့်လည်း မဟုတ်ပါဘူး။ ဟိုနေရာမှာ ရေမကောင်းလို့ ရေနောက်လိုက် ၊ ဟိုနေရာ ဘဲဥ အတုပေါ်လို့ ဘဲဥ အတုနောက်လိုက် အဲ့လိုမလုပ်ဘူး။  ကျွန်တော်တို့ဟာ ကျွန်တော်တို့မှာ စနစ်ရှိပါတယ်။အစီအစဉ်ရှိပါတယ်”ဟု  ဒေါက်တာသန်းထွဋ်က ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောသည်။

ဖေဖော်ဝါရီ ၂၃ရက်နေ့က နေပြည်တော်FDA ရုံးတွင် ကျင်းပပြုလုပ်သော ပွဲတစ်ရပ်အပြီးတွင်  မီဒီယာများကို ပြောခဲ့ခြင်းဖြစ်သည်။

FDA မှ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်များ အန္တရာယ်ကင်းစေရေး လမ်းပြမြေပုံရေးဆွဲထားပြီး အဆိုပါလမ်းပြမြေပုံတွင် အချက်ကိုးချက်ပါဝင်ကြောင်း၊ မြန်မာနိုင်ငံရဲဌာန၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး စသည့်အဖွဲ့များနှင့်အတူ နှီးနွယ်ပတ်သက်သော ဝန်ကြီးဌာနများ တာဝန်ရှိသူများထံမှ အကြံဉာဏ်ယူဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် အရေးယူဆောင်ရွက်မှုများအတွက်လည်း ပိုမိုပြီးတိကျစွာ လုပ်ဆောင်သွားမည်ဟု  ၎င်းက ဆက်ပြောသည်။

“Action ဆိုတာကတော့ ပိုလည်းလုပ်မယ် တိကျစွာလည်း ကြပ်မတ်မယ်။တိကျစွာလည်း တားမြစ်မယ်။ တိကျစွာလည်း အရေးယူဆောင်ရွက်မှုတွေရှိမယ်ဆိုတာကို ပြောတာ ဖြစ်ပါတယ်”’ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင်  ဥပဒေအရ ပေးသော ပြစ်ဒဏ်များသည် ထိရောက်ဟန့်တားသော ပြစ်ဒဏ်များပေးနိုင်ဖို့အတွက် ဆောင်ရွက်နေကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) မှ သိရသည်။

“အသစ်ဆွဲထားတဲ့ ဥပဒေတွေထဲမှာတော့ ပြစ်ဒဏ်တွေကို အတတ်နိုင်ဆုံး အပေးနိုင်ဆုံး တည်ငြိမ်တဲ့ လူ့အစည်းရဲ့(Stabilize Society) ပေးနိုင်တဲ့ National Punishment များကို  အဆိုပြုပြီးတော့ ဆောင်ရွက်ထားကြောင်းတင်ပြအပ်ပါတယ်”ဟု ဆိုသည်။

FDAဝန်ထမ်းအမျိုးသမီး မရွှေရည်ဝင်း ရန်ကုန်တွင် သွားရောက်တာဝန်ထမ်းဆောင်ပြီးနောက် အသတ်ခံရမှုအပေါ် ဆောင်ရွက်စစ်ဆေးမှုများနှင့်ပတ်သက်ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required