ICRC ဘုတ်ကို ဟန့်တားရာတွင် ပါ၀င်၍ ဖမ်းဆီးထားသူ ၉ ဦးကို ပုဒ်မ ၆ ခုဖြင့် အမှုဖွင့်

ICRC ဘုတ်ကို ဟန့်တားရာတွင် ပါ၀င်၍ ဖမ်းဆီးထားသူ ၉ ဦးကို ပုဒ်မ ၆ ခုဖြင့် အမှုဖွင့်
ဓာတ်ပုံ - သတင်းထုတ်ပြန်ရေးကော်မတီ

စစ်တွေ၊ စက်တင်ဘာလ ၂၂ ရက်။         ။  ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းတွင် စစ်တွေမြို့ဆတ်ရိုးကျဆိပ်ကမ်း တွင် ICRC ကယ်ဆယ်ရေးပစ္စည်းများကို တင်ဆောင်နေသည့် ဘုတ်ကို လူစုလူဝေးဖြင့် ဟန့်တားရာတွင် ပါဝင်သည့် အရပ် သား ၉ ဦးကို ပုဒ်မ ၆ ခုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါ ပါဝင်သူ အရပ်သား (၉) ဦးကို ပုဒ်မ ၆ ခုဖြင့် တရားစွဲဆိုထားရာတွင် ရာဇသတ်ပုဒ်မ ၁၄၃ ပုဒ်မ၊ ၁၄၄ ပုဒ်မ၊ ၁၄၅ ပုဒ်မ၊ ၄၃၈ ပုဒ်မ၊ ၄၄၀ ပုဒ်မ၊ ၁၁၄ ပုဒ်မတို့ဖြင့် အမှုဖွင့်ထားကြောင်း စစ်တွေမြို့ အမှတ် (၂) ရဲစခန်းမှ စခန်းမှူး ဦးကျော်မိုး က RiA သို့ ပြောသည်။

“ကျွန်တော်တို့ အဲလူ ၉ ဦးကို တရားဥပဒေအရ ပုဒ်မ ၆ ခုနှင့် မနေ့က အမှုဖွင့်ထားပါတယ်။ အဲဒီနေ့က အခြေနေတွေ ဆိုးပါတယ်။ မြို့ရွာဆူပူအောင်လုပ်တယ်။ နောက်ပြီး ရဲတပ်သားတွေကို တုတ်၊ ဓါး၊ ဂျင်ကလိတွေနဲ့ လူအုပ်ထဲက ပစ်ပေါက်တဲ့အတွက် ပါဝင်သူတွေကို ဖမ်းဆီးလိုက်တာပါ။”ဟု ရဲအုပ် ကျော်မိုးက ဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ပါဝင်သူ ၉ ဦးကို အခင်းဖြစ်ပွားချိန် ယင်းညဉ့်ကတည်းက အာဏာပိုင်များက  စစ်တွေမြို့ အမှတ်(၁) စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားလိုက်ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပုဒ်မ ၆ ခုဖြင့် မြို့မရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ဘုတ်ပေါ်တွင် တင်ဆောင်နေသည့် ICRC ကယ်ဆယ်ရေးပစ္စည်းများကို အစိုးရအနေဖြင့် ပြည်သူများအပေါ် ပွင့်လင်းမြင်သာအောင် ဖွင့်ပြစစ်ဆေးခြင်းများမပြုလုပ်ဘဲ လူစုလူဝေးများဖြစ်ပေါ်လာအောင် လုပ်ဆောင်ခြင်းသာဖြစ်၍ အရပ်သားများက အကြမ်းဖက်မှုလုပ်ရပ်များဖြစ်ပေါ်လာအောင် ဖန်တီး လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ရခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူ အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က သုံးသပ်ပြောဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required