ကမ္ဘာ့စံချိန်တင်နိုင်ရန်အတွက် လက်ဝှေ့သမား ၃၀၀၀ ခန့် ရင်ပြင်နီ၌ လေ့ကျင့်ခန်းပြုလုပ်

ကမ္ဘာ့စံချိန်တင်နိုင်ရန်အတွက် လက်ဝှေ့သမား ၃၀၀၀ ခန့် ရင်ပြင်နီ၌ လေ့ကျင့်ခန်းပြုလုပ်

မော်စကို၊ ဇူလိုင် ၂၃ ။         ။ လက်ဝှေ့ လေ့ကျင့်ခန်းကို လူအများအပြားက တစ်ပြိုက်နက်တည်း မရပ်မနားပြုလုပ်ခြင်းဖြင့် ကမ္ဘာ့ဂင်းနစ် စံချိန်သစ် တင်နိုင်ရန်အတွက် ရုရှားနိုင်ငံမော်စကိုမြို့မှ ရင်ပြင်နီကြီးတွင် လက်ဝှေ့အားကစားသမား ၃၀၀၀ ခန့်က ပြီးခဲ့သောစနေနေ့တွင် လေ့ကျင့်ခန်းပြုလုပ်ခဲ့ကြသည်။

ရုရှားလက်ဝှေ့သမား ဆော့အိုလက်ဆိုက်တော့ဗ်က “ ကျနော်တို့လူတွေက ကောင်းကောင်းမွန်မွန် လုပ်ဆောင် နိုင်ခဲ့ပါတယ်။ သူတို့လုံးဝကို မရပ်တန့်ပဲ လေ့ကျင့်ခန်းလုပ်နိုင်ခဲ့တာပါ။   သေချာပြင်ဆင်ပြီးတော့ လာရောက်ခဲ့ တဲ့သူတွေကိုလည်း တွေ့ရသလို တကယ့်ကြေးစားသမားတွေလည်း လာရောက်ခဲ့တာကို တွေ့ရမှာပါ။ ဒါပေမယ့် ကျနော်တို့အားလုံး အကောင်းမွန်ဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဘယ်သူမှမရပ်တန့်ခဲ့ပါဘူး။ ဒါကြောင့် အားလုံးကိုပဲ ကျနော်ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ စံချိန်ကြီးတစ်ခုကို ကျနော်တို့အတူတူကွ တင်နိုင်ခဲ့ပါတယ်။ ပြီးတော့ ဒီစံချိန်ဟာ အချိန်အကြာကြီး တည်တံ့နေမယ်လို့ ကျနော်ထင်ပါတယ်” ဟု ပြောခဲ့သည်။

အပျော်တမ်းလက်ဝှေ့သမား တစ်ဦးဖြစ်သူ အလက်ခ်ဆိုင်တစ်ရှ်ချန်ကိုကလည်း “ ဒီနေ့မှာ လူအများအပြားနဲ့ လက်ဝှေ့ဝါသနာရှင်တွေ လာရောက်စုဝေးခဲ့ကြတာ အလွန်ပျော်စရာကောင်းပါတယ်။ ဒီပွဲကြောင့် ရုရှားနိုင်ငံထဲ မှာသာမက ရုရှားပြည်ထောင်စုတစ်ခုလုံးမှာရှိတဲ့ ဒေသတွေနှင့် တစ်ကမ္ဘာလုံးမှာပါ လက်ဝှေ့အားကစား ပိုမို ဖွ့ံဖြိုးလာမယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒါ့အပြင် ကျနော်သိရတာကတော့ ဇူလိုင်လ ၂၂ရက်နေ့ဟာ နိုင်ငံတကာလက်ဝှေ့အားကစားနေ့ ဖြစ်ပါတယ်။ ဒါကြောင့် ရုရှားနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာလည်း ဒီနေ့ အတွက် ပွဲတွေကျင်းပကြမှာပါ” ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required