မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲတော့မည်

မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲတော့မည်

ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုကြောင့် ရထားလမ်းများ၊ တံတား နှင့် တာပေါင်များ ပျက်စီးခဲ့၍ ဇူလိုင်လအတွင်းက စတင်ကာ ရပ်နားထားရသည့် မန္တလေး- မြစ်ကြီးနား ရထားခရီးစဉ်များကို ယခင်အတိုင်း ပြန်လည်ပြေးဆွဲတော့မည်ဟု သိရသည်။ 

ရေတိုက်စား ပျက်စီးခဲ့သည့် ကန့်ဘလူ-ကောလင်း ရထားလမ်းပိုင်းကို ရာနှုန်းပြည့်နီးပါး ပြင်ဆင်ပြီးစီးနေပြီး မန္တလေး- မြစ်ကြီးနား ရထားများလည်း မကြာမီ ပြေးဆွဲတော့မည်ဖြစ်သည်။ 

မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်များအား ဇူလိုင်လ ၁၈ ရက် ညနေပိုင်းမှစတင်၍ ယာယီဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ 

မိုးရွာသွန်းမှုများကြောင့် မန္တလေးမှ ဇူလိုင်၁၆ရက်နှင့် ၁၇ရက်က ထွက်ခွာသွားသည့် ရထားများမှာ လမ်းတစ်ဝက်မှ ပြန်လှည့်ခဲ့ရပြီး ရထားလက်မှတ်ခများကိုလည်း ပြန်အမ်းခဲ့ရသေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required