ဂလက်စ်ဂိုးရှိ ဖျော်ဖြေပွဲအား ဖျက်သိမ်းလိုက်ရသည့်အတွက် Green Day အဖွဲ့ စိတ်ပျက်

ဂလက်စ်ဂိုးရှိ ဖျော်ဖြေပွဲအား ဖျက်သိမ်းလိုက်ရသည့်အတွက် Green Day အဖွဲ့ စိတ်ပျက်

စကော့တလန်နိုင်ငံ ဂလက်စ်ဂိုးမြို့တွင် ပြုလုပ်ရန်စီစဉ်ထားသော နာမည်ကျော်ဂီတအဖွဲ့ Green Day ၏ ဖျော်ဖြေပွဲကို  ပွဲမကျင်းပမီ တစ်နာရီအလိုတွင် ရာသီဥတုဆိုးရွားမှုကို အကြောင်းပြကာ ပွဲစီစဉ်သူများက ဖျက်သိမ်းခဲ့ကြသည်။

အမေရိကန်တီးဝိုင်းအဖွဲ့ Green Day သည် အင်္ဂါနေ့တွင် ဂလက်စ်ဂိုးမြို့ှရှိ ဘယ်လာဟော့စ်တွန်ပါ့ခ်၌ ဖျော်ဖြေပွဲပြုလုပ်ရန် စီစဉ်ထားခဲ့ကြသည်။

သို့သော်လည်း ပွဲစီစဉ်သူများက ရာသီဥတုဆိုးရွားမှုကြောင့် တီးဝိုင်းအတွက် ဖျော်ဖြေရန် အနှောင့်အယှက်များ ရှိယုံသာမက လုံခြုံမှုမရှိသောကြောင့် ပွဲကိုဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက်တွင် Green Day အဖွဲ့က သူတို့၏တရားဝင်ဝက်ဘ်ဆိုက်၌ ယခုကိစ္စနှင့်ပက်သက်၍ အလွန်စိတ်ပျက် ရကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“ ကျနော်တို့ရဲ့ ကမ္ဘာပတ်ဖျော်ဖြေမှု အစီအစဉ်အဖြစ် ဂလက်စ်ဂိုးမြို့ကို ရောက်ရှိနေပြီးတော့ ဖျော်ဖြေပွဲပြုလုပ်ဖို့ အများကြီးကို မျှော်လင့်ထားခဲ့တာပါ။ မျှော်လင့်သလိုမဖြစ်ခဲ့ရတဲ့အတွက် အလွန်စိတ်ပျက် ရပါတယ်။ ကျနော်တို့ ရဲ့ ဥရောပခရီးစဉ်တစ်လျှောက်မှာ အလွန်ဆိုးရွားတဲ့ ရာသီဥတုတွေကို ကြုံတွေ့ခဲ့ရပေမယ့်လည်း ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပါတယ်။ ကျနော်တို့အလိုမရှိဆုံးကတော့ ရှိုးပွဲကို ဖျက်သိမ်းလိုက်ရတဲ့ အဖြစ်မျိုးပါပဲ” ဟု ဝက်ဘ်ဆိုက် တွင် ရေးသားခဲ့သည်။

“ကျနော်တို့ရဲ့ စကော့တလန်ပရိသတ်တွေကို ချစ်ပါတယ်။ မိုးသည်းကြီးမဲကြီး ရွာနေရင်တောင် ကျနော်တို့ လုံးဝဂရုမစိုက်ပါဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ ပရိသတ်တွေနဲ့ အဖွဲ့သားတွေ ဘေးကင်းလုံခြုံဖို့က ကျနော်တို့ရဲ့ ဦးစားပေးအရာတစ်ခု ဖြစ်ပါတယ်။ စကော့တလန်ကို ကျနော်တို့ချစ်ပါတယ်။ ဂလက်စ်ဂိုးမြို့ကို ကျနော်တို့ ချစ်ပါတယ်။ ကျနော်တို့ပြန်လာခဲ့ပါမယ်” ဟု ဆက်လက်ရေးသားကာ ပရိသတ်များကို တောင်းပန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required