တင်းနစ်ကမ္ဘာ့နံပါတ် ၁ အဖြစ် မာရေး ဆက်ရှိ၊ ဆီလက် နံပါတ် ၆ နေရာကို ခုန်တက်

တင်းနစ်ကမ္ဘာ့နံပါတ် ၁ အဖြစ် မာရေး ဆက်ရှိ၊ ဆီလက် နံပါတ် ၆ နေရာကို ခုန်တက်
ဗြိတိန် တင်းနစ်ကစားသမား အန်ဒီမာရေး။ (ဓာတ်ပုံ - အီးပီအေ)

ဇွန် ၂၆ ရက်၊ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ချုပ် (ATP) ရဲ့ အမျိုးသားတစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ဗြိတိန် တင်းနစ်ကစားသမား အန်ဒီမာရေးက ဆက်လက်ဦးဆောင်ခဲ့ပြီး ခရိုအေးရှားမှ မာရင်း ဆီလက်က နံပါတ် ၆ နေရာကို တက်လာပါတယ်။

ဇွန် ၂၀ ရက်က မာရေးဟာ Queen's Club Championships ရဲ့ ရှုံးထွက်အဆင့်မှာ ကမ္ဘာ့နံပါတ် ၈၆ နေရာက ဂျော်ဒန်သောမဆန်ကို ရှုံးခဲ့ပေမယ့် သူ့ရဲ့ နံပါတ် ၁ နေရာကိုတော့ ဆုပ်ကိုင်ထားခဲ့ပါတယ်။

တနင်္ဂနွေနေ့က Queen's  ဗိုလ်လုပွဲမှာ စပိန်မှ ဖီလီစီယာနို လိုပက်ဇ်ကို ရှုံးနိမ့်ခဲ့တဲ့ မာရင်း ဆီလက်ဟာ အဆင့် ၁ ဆင့်မြှင့်တက်ကာ နံပါတ် ၆ နေရာကို ရောက်ရှိလာတာဖြစ်ပါတယ်။

ဒ့ါအပြင် ပြီးခဲ့တဲ့ တပတ် အင်္ဂါနေ့က Queen တင်းနစ်ပြိုင်ပွဲရဲ့ ရှုံးထွက် ၃၂ အဆင့်မှာ ကနေဒါမှ ရာအိုနစ်က သြစတြေးလျမှ တန်နာစီ ကိုကီနာကစ်စ်ကို ရှုံးနိမ့်ပြီးနောက် အဆင့် ၁ ဆင့် ကျဆင်းသွားကာ နံပါတ် ၇ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။

လက်ရှိ ATP (အမျိုးသား) ကမ္ဘာ့အဆင့်များနှင့် ရမှတ်များ

၁) အန်ဒီမာရေး (ဗြိတိန်) ရမှတ် ၉,၃၉၀
၂) ရာဖေးလ် နဒါးလ် (စပိန်) ရမှတ် ၇,၂၈၅
၃) စတန် ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၆,၁၇၅
၄) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ၅,၈၀၅
၅) ရော်ဂျာ ဖက်ဒရာ (ဆွစ်ဇလန်) ရမှတ် ၅,၂၆၅
၆) မာရင်း ဆီလက် (ခရိုအေးရှား) ရမှတ် ၄,၂၃၅
၇) ရာအိုနစ် (ကနေဒါ) ရမှတ် ၄,၁၅၀
၈) ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၃,၈၉၅
၉) နီရှီကိုရီ (ဂျပန်) ရမှတ် ၃,၈၃၀
၁၀) ဂျို-ဝီဖာရီးဆောင်ဂါ (ပြင်သစ်) ရမှတ် ၃,၀၇၅

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required