လန်ဒန်မြို့လယ် အကြမ်းဖက်တိုက်ခိုက်မှု ၎င်းတို့လက်ချက်ဟု အိုင်အက်စ် ထုတ်ပြန်

လန်ဒန်မြို့လယ် အကြမ်းဖက်တိုက်ခိုက်မှု ၎င်းတို့လက်ချက်ဟု အိုင်အက်စ် ထုတ်ပြန်

ဇွန် ၅ ။              ။ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက် လန်ဒန်မြို့လယ် အကြမ်းဖက်တိုက်ခိုက်မှုဟာ မိမိတို့ လက်ချက်ဖြစ်ကြောင်း အစ္စလမ္မစ်နိုင်ငံတော် အကြမ်းဖက်အဖွဲ့ အိုင်အက်စ် က ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

" မနေ့က လန်ဒန်တိုက်ခိုက်မှုကို ကျူပ်တို့ အဖွဲ့က တပ်သားတွေ လုပ်ခဲ့တာပါ" လို့ အိုင်အက်စ်အုပ်စုက ယင်းနဲ့ချိတ်ဆက်မှုရှိတဲ့ Aamaq သတင်းအေဂျင်စီကနေတဆင့် ထုတ်ပြန်သွားပါတယ်။

ယင်းအကြမ်းဖက်မှုမှာတော့ အစွန်းရောက်အမျိုးသားသုံးဦးက မြို့တွင်းက လူစည်ကားရာနေရာတစ်ခုမှာ လူအုပ်ထဲကို ကားဖြင့် လိုက်တိုက်ပြီး ဓားနဲ့ လိုက်ထိုးခဲ့တာကြောင့် ခုနစ်ဦး သေဆုံးပြီး ၄၈ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ၎င်းတိုက်ခိုက်သူတွေကိုလည်း ရဲက ပစ်ခတ်ရှင်းလင်းလိုက်ရပါတယ်။

တိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ၄၈ ဦးအနက် ၂၁ ဦးရဲ့ အခြေအနေဟာ စိုးရိမ်ရကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့အချိန်မှာ ယခု တိုက်ခိုက်မှုဖြစ်စဉ်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ယင်းဖြစ်စဉ်ဟာ သုံးလအတွင်း သုံးကြိမ်မြောက်ထပ်မံ ကြုံတွေ့လိုက်ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်လည်း ဖြစ်ပါတယ်။

ယခုအခါ ယင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ လန်ဒန်ရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးမှုတွေ ပြုလုပ်နေလျက်ရှိပြီး လက်ရှိအချိန်အထိ လူ ၁၁ ဦးကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုနဲ့ပတ်သက်လိ့ အစ္စလမ္မစ် အစွန်းရောက်ဝါဒီတွေကို ဝန်ကြီးချုပ် ထရီဇာမေက ပြစ်တင်သွားပြီး ဆက်လက်၍လည်း အွန်လိုင်းပေါ်က အစွန်းရောက်ဝါဒဖြန့်နေမှုတွေကို   နှိမ်နင်းတားဆီးသွားမယ်လို့  ကြုံးဝါးပြောဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required