တရုတ်က ဆေးရွက်ကြီးကင်းစင်မြို့များတွင် ရှန်ဟိုင်းမြို့လည်း ပါဝင်လာ

တရုတ်က ဆေးရွက်ကြီးကင်းစင်မြို့များတွင် ရှန်ဟိုင်းမြို့လည်း ပါဝင်လာ

ရှန်ဟိုင်း၊ မတ် ၁ ။                ။ တရုတ်နိုင်ငံက ဆေးရွက်ကြီးကင်စင် မြို့များစာရင်းမှာ ရှန်ဟိုင်းမြို့လည်း မတ် ၁ ရက်မှာ ပူးပေါင်းပါဝင်လာပြီး အများပြည်သူနေရာများ၊ အပန်းဖြေဧရိယာများမှာ   ဆေးလိပ်သောက်ခြင်းကို တားမြစ်တဲ့ ဥပဒေသစ်တွေ ပြဌာန်းပြီဖြစ်ပါတယ်။

ဥပဒေအရ စားသောက်ဆိုင်၊ ဘား၊ ရုံး၊ ဆေးရုံနဲ့ ကားဂိတ်၊ ဘူတာရုံ စတဲ့ အများပြည်သူနဲ့ဆိုင်ရာ အဆောက်အအုံနေရာများမှာ ဆေးလိပ်သောက်ခြင်းကို တားမြစ်တာအပြင် အပန်းဖြေနေရာကဲ့သို့ အများပြည်သူနေရာတွေမှာလည်း တားမြစ်သွားမှာဖြစ်ပါတယ်။

ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးမြို့တွေမှာ တစ်မြို့အပါအဝင်ဖြစ်တဲ့ ရှန်ဟိုင်းမြို့ဟာ မြို့နေလူဦးရေ သန်း ၂၀ ကျော်ရှိပါတယ်။ ရှန်ဟိုင်းမြို့ဟာ ၂၀၁၅ ခုနှစ်အတွင်းက ဆေးရွက်ကြီးကင်းစင်မှုအဖြစ်
စတင်ဆောင်ရွက်လာခဲ့တဲ့ ပေကျင်းမြို့နဲ့အတူ ဆေးလိပ်၊ ဆေးရွက်ကြီး တိုက်ဖျက်ရေးမျာ ပူးပေါင်းပါဝင်လာတာပဲဖြစ်ပါတယ်။ ဒါအပြင် ဇန်နဝါရီလကစပြီး အလားတူဥပဒေတွေပြဌာန်းပြီး   ဆေးလိပ်၊ ဆေးရွက်ကြီး ဆန့်ကျင်ရေး ဆောင်ရွက်ခဲ့တဲ့ ရှန်ကျင်းမြို့နဲ့လည်း စာရင်းမှာ အတူရှိလာတာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအဆိုအရ တရုတ်မှာ ဆေးလိပ်သောက်သုံးသူပေါင်းက သန်း ၃၃၀ ဝန်းကျင်ရှိပြီး တစ်ဆင့်ခံဆေးလိပ်ငွေ့ရှုရှိုက်နေရသူပေါင်းက သန်း ၇၃၀ ခန့် ရှိကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required