အီတလီတွင် အားပြင်းငလျင်များ ဆက်တိုက်လှုပ်၍ ဘေးလွတ်ရာရွှေ့ပြောင်းမှုများ လုပ်ဆောင်

အီတလီတွင် အားပြင်းငလျင်များ ဆက်တိုက်လှုပ်၍ ဘေးလွတ်ရာရွှေ့ပြောင်းမှုများ လုပ်ဆောင်

ရောမ၊ ဇန်နဝါရီ ၁၈ ။              ။ အီတလီနိုင်ငံ အလယ်ပိုင်းတွင် အင်အားပြင်းငလျင်များ ဆက်တိုက်လှုပ်ရာ မြေအောက်ရထားဘူတာနှင့် စာသင်ကျောင်းတစ်ချို့တို့တွင် ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများ လုပ်ခဲ့ရသည်။

နိုင်ငံအလယ်ဗဟိုတွင် အမ်မတ်ထရစ်မြို့မှ အနောက် အနောက်မြောက် လေးမိုင်အကွာတွင် ကနဦး အင်အား ၅ ဒဿမ ၃ အဆင့်ရှိ ငလျင်လှုပ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးက ထုတ်ပြန်သည်။

အဆိုပါ ငလျင်ဗဟိုမှာ ရောမမြို့ အရှေ့မြောက်ပိုင်း ကီလိုမီတာ ၉၀ အကွာတွင် ဗဟိုပြု၍ လှုပ်ခြင်းဖြစ်ကာ မြို့တော်က ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားရပြီး လူအများ ကြောက်ရွံ့တကြား အဆောက်အအုံများတွင်းက ထွက်ပြေးမှုများရှိခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်က လှုပ်သွားသည့် ယင်းငလျင်သည် မြေအောက်အနက် တစ်ဆယ်ကီလိုမီတာတွင် လှုပ်သွားခြင်းဖြစ်ပြီး အဆိုပါ ငလျင် လှုပ်ပြီးနောက် ယင်းဒေသတစ်ဝိုက်မှာပင် နောက်ဆက်တွဲ ငလျင်များ ရှစ်ကြိမ်လှုပ်သွားကြောင်း၊ နောက်ဆက်တွဲ ငလျင်တစ်ခု၏ ပြင်းအားမှာ ရစ်ချ်တာစကေး ၅ ဒဿမ ၇ အဆင့်ရှိကြောင်း အမေရိကန်ဘူမိတိုင်းတာရေးက ပြောသည်။

လတ်တလောအချိန်အထိ သေကျေပျက်စီးမှု သတင်းမသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required