နှလုံးအမောဖောက်ဝေဒနာမှ ပြန်လည်သက်သာလာပြီဖြစ်သည့် စတားဝါးမင်းသမီးကြီး Carrie Fisher

နှလုံးအမောဖောက်ဝေဒနာမှ ပြန်လည်သက်သာလာပြီဖြစ်သည့် စတားဝါးမင်းသမီးကြီး Carrie Fisher

နာမည်ကျော်စတားဝါးရုပ်ရှင်ရဲ့ မင်းသမီးကြီး Carrie Fisher ဟာလွန်ခဲ့သော သောကြာနေ့တုန်းက နှလုံးအမောဖောက်ခဲ့ပြီး ယခုဆိုရင်တော့ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သူမ၏မိခင်က   ပြောကြားခဲ့ပါသည်။

နာမည်ကျော်စတားဝါးဇာတ်ကားများတွင် မင်းသမီး Leia Organa အဖြစ်သရုပ်ဆောင်ခဲ့ဖူးသော အသက် ၆၀ အရွယ်ရှိပြီဖြစ်သည့် Fisher ဟာလော့စ်အိန်ဂျယ်လိစ်ဆေးရုံရှိ အထူးကြပ်မတ်ဌာန၌ ကုသမှုခံယူထားရပါသည်။

သူမဟာ လန်ဒန်မှလော့စ်အိန်ဂျယ်လိစ်မြို့သို့အပြန် လေယာဉ်ပေါ်တွင်နှလုံးအမောဖောက်မှုကြံုတွေ့ခဲ့ရတာဖြစ် ပြီးခရီးသည်များက သတိပြန်လည်လာအောင် သူမ၏နှလုံးအား အရေးပေါ်နှိပ်ပေးခဲ့ရ ပါသည်။

သူမ၏သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များကလည်း သူမမြန်မြန်ဆန်ဆန် ပြန်လည်ကျန်းမာလာအောင် ဆုတောင်းမေတ္တာများ ပို့သပေးခဲ့ကြပါသည်။

သူမ၏ မိခင်ဖြစ်သူ မင်းသမီးကြီး Debbie Reynolds က တွစ်တာပေါ်တွင် “ Carrie ဟာ ပြန်လည်သက်သာလာပါပြီ။ တကယ်လို့ အပြောင်းအလဲတစ်ခုခုဖြစ်ခဲ့ရင် ကျမတို့ အသိပေးပါ့မယ်။ သူမရဲ့မိတ်ဆွေများနှင့် ပရိသတ်များကိုလည်း သူမအား ဆုတောင်းမေတ္တာပို့သပေးတဲ့အတွက် ကျမတို့ကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်” လို့ ရေးသားခဲ့ပါသည်။

Carrie Fisher ဟာ နှလုံးအမောဖောက်မှုဝေဒနာကို လော့စ်အိန်ဂျယ်လိစ်သို့ လေယာဉ်မဆင်းခင် ၁၅မိနစ်အလို မှာ စတင်ခံစားခဲ့ရတာဖြစ်ပြီး လေယာဉ်ပျံပေါ်တွင် ပါလာသော ဆရာဝန်တစ်ဦးက သူမ၏နှလုံးအား အရေးပေါ်နှိပ် ပေးခြင်းဖြင့် ကုသပေးခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required