မက္ကဆီကို မီးရှုးမီးပန်းစျေး ပေါက်ကွဲမှုနောက်ပိုင်း ပျောက်ဆုံးနေသော မိသားစုဝင်များကို ရှာမတွေ့သေး၍ မိဘဆွေမျိုးများ သောကအပူမီး တောင်လောင်နေ

မက္ကဆီကို မီးရှုးမီးပန်းစျေး ပေါက်ကွဲမှုနောက်ပိုင်း ပျောက်ဆုံးနေသော မိသားစုဝင်များကို ရှာမတွေ့သေး၍ မိဘဆွေမျိုးများ သောကအပူမီး တောင်လောင်နေ

ဒီဇင်ဘာ ၂၂ ။             ။ ယမန်နေ့က ဖြစ်ပွားခဲ့သည့် လူပေါင်း ၃၂ ဦးသေဆုံးခဲ့သော မက္ကဆီကို မီးရူးမီးပန်းစျေး မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်နောက်ပိုင်း ယခုအခါ ပျောက်ဆုံးနေသူများကို ရှာတွေ့နိုင်ရန် အနယ်နယ်အရပ်ရပ်မှ မိဘဆွေမျိုးများ ရောက်ရှိလာပြီး ရှာဖွေနေရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၂၁ ရက်က နိုင်ငံအလယ်ပိုင်းမြို့ Tultepec ရှိပေါက်ကွဲမှုဖြစ်ပွားရာ မီးရူးမီးပန်းစျေးနေရာသို့ လူဒါဇင်ပေါင်းများစွာ ရောက်ရှိလာကြပြီး ပျောက်ဆုံးစာရင်းထဲ ရောက်နေသော ၎င်းတို့၏ မိသားစုဝင်များကို ရှာဖွေနေခဲ့ကြသည်ဟု သိရသည်။

အချို့မှာ မိမိတို့၏မိသားစုဝင်များသတင်းအစအနမရသေးသည့်အတွက် ငိုယိုခြင်း၊ မူးမေ့သွားခြင်းတို့ပင် ရှိခဲ့ခြင်းကြောင့် ဆရာဝန်များက ကုသစောင့်ကြည့်ပေးခဲ့ရမှုပင်ရှိခဲ့သည်။

အာဏာပိုင်များ၏ အဆိုအရ ယင်းမီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ၃၂ ဦးအထိ သေဆုံးသွားပြီး ၅၉ ဦးထိခိုက်ဒဏ်ရာရကာ ၁၂ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ယခုလက်တလောတွင် အာဏာပိုင်များထားပေးထားသော တယ်လီဖုန်းဟော့လိုင်းမှာလည်း အကူအညီမဖြစ်ကြောင်းနှင့် မေးမြန်းမှုများကို ဘာတစ်မှ ဖြေကြားမပေးကြောင်း Sandy Martinez ဆိုသူက ပြောကြားသွားသည်။ ၎င်းမှာ အထက်ပါ ပေါက်ကွဲမှုဖြစ်စဉ်နောက်ပိုင်း အဒေါ်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး ၀မ်းကွဲမောင်နှမနှစ်ဦး ရှာဖွေနေရလျက်ရှိသူတစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required