တရုတ်တက္ကသိုလ်များအနေဖြင့် ကွန်မြူနစ်ပါတီအား ဝိုင်ရံရမည်ဟု ရှီကျင့်ဖျင်ပြော

တရုတ်တက္ကသိုလ်များအနေဖြင့် ကွန်မြူနစ်ပါတီအား ဝိုင်ရံရမည်ဟု ရှီကျင့်ဖျင်ပြော

ပေကျင်း၊ ဒီဇင်ဘာ ၉ ။              ။ တရုတ်နိုင်ငံတွင် သဘောတရားရေးရာလွတ်လပ်ခွင့်အား ဖြိုခွင်းမှုတစ်ရပ်အဖြစ် သမ္မတ ရှီကျင့်ဖျင်က တက္ကသိုလ်များသည် ကွန်ပြူနစ်ပါတီ၏ အယူအဆရေးရာ
အမာခံများ ဖြစ်ရမည်ဟု ဆော်သြပြောဆိုသည်။

“ကွန်မြူနစ်ပါတီရဲ့ စည်းမျဉ်းများကို တက္ကသိုလ်များအနေဖြင့် ဝိုင်းရံဖြည့်ဆည်းပေးရမည်ဖြစ်ပြီး ဆိုရှယ်လစ်စနစ်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း” သမ္မတ ရှီက ပြောခြင်းဖြစ်သည်။

ပညာသင်ကြားမှုလုပ်ငန်းစဉ်တစ်ရပ်လုံး၌ အယူအဆရေးရာများကိုပါ ပေါင်းစပ်သင်ကြားပေးရမည်ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံတွင် ၂၀၁၂ က သမ္မတရှီကျင့်ဖျင် ခေါင်းဆောင်အဖြစ် တက်လာချိန်ကစကာ လွတ်လပ်စွာပြောဟောခွင့်များကို နှိပ်ကွပ်လာခဲ့ခြင်းလည်းဖြစ်သည်။

တရုတ်အာဏာပိုင်များက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ ရှေ့နေများနှင့် ဂျာနယ်လစ်များအား ဖမ်းဆီးထောင်ချခြင်းများ လုပ်နေသည်ဟု စွပ်စွဲလည်း ခံထားရသည်။

ဥပဒေအသစ် ပြဌာန်းမှု မရှိလည်း ခေါင်းဆောင်၏ နှုတ်ထွက်စကားက ပါတီနှင့် အခြားသော အဖွဲ့အစည်းအသင်းအပင်းများတွင် မူဝါဒအဖြစ် တိုက်ရိုက်သက်ရောက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required