ဖက်ရှင်ဆုပေးပွဲမှာ နှစ်တစ်နှစ်အတွက် အကောင်းဆုံး မော်ဒယ်ဆုကိုဆွတ်ခူးခဲ့တဲ့ Gigi Hadid

ဖက်ရှင်ဆုပေးပွဲမှာ နှစ်တစ်နှစ်အတွက် အကောင်းဆုံး မော်ဒယ်ဆုကိုဆွတ်ခူးခဲ့တဲ့ Gigi Hadid

အမေရိကန်ဖက်ရှင်မော်ဒယ်ဖြစ်သူ Gigi Hadid ဟာ ပြီးခဲ့တဲ့တနင်္လာနေ့ညကကျင်းပခဲ့တဲ့ ဖက်ရှင်ဆုပေးပွဲမှာ နှစ်တစ်နှစ်အတွက်အကောင်းဆုံး နိုင်ငံတကာမော်ဒယ်ဆုကို ဆွတ်ခူးခဲ့ပါတယ်။

ရွိုင်ရယ်အဲလ်ဘတ်ခန်းမမှာ ကျင်းပခဲ့တဲ့အဆိုပါဆုပေးပွဲကို ဖက်ရှင်လုပ်ငန်းထဲမှာ ထိပ်သီးဒီဇိုင်နာများ၊ မော်ဒယ်များ၊နာမည်ကြီးအနုပညာ ရှင်များနှင့် သူတို့၏ပရိတ်သတ်များဟာ လန်ဒန်ရဲ့ အေးစက်လှတဲ့ဆောင်းရာသီကိုအံတုကာ ကော်ဇောနီပေါ် သို့ဖြတ်သန်းတက်ရောက်ခဲ့ကြပါတယ်။

အသက် ၂၁အရွယ်ရှိသူ Gigi Hadid ဟာ သူမရဲ့ညီမငယ် Bella Hadid နဲ့ မိတ်ဆွေဖြစ်သူ မော်ဒယ် Kendall Jenner ၊ Adwoa Aboah ၊ နဲ့ Lineisy Montero တို့ကိုကျော်ဖြတ်ပြီး အဆိုပါဆုကိုဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါဖက်ရှင်ဆုပေးပွဲမှာ ဗြိတိန်ရဲ့အကောင်းဆုံးအမှတ်တံဆိပ်ဆုကို ဒီဇိုင်နာ Alexander McQeen က ရရှိ သွားခဲ့ပြီး နိုင်ငံတာဖက်ရှင် စီးပွားရေးဦးဆောင်သူအဖြစ်နဲ့ နိုင်ငံတကာ အသုံးအဆောင်ဒီဇိုင်နာဆုကို Gucci မှ ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required