ပါကစ္စတန်တွင် အဆင့်မြင့်ဟိုတယ်တစ်လုံး မီးလောင်မှုကြောင့် လူ ၁၁ ဦး သေဆုံး

ပါကစ္စတန်တွင် အဆင့်မြင့်ဟိုတယ်တစ်လုံး မီးလောင်မှုကြောင့် လူ ၁၁ ဦး သေဆုံး

ကရာချိ၊ ဒီဇင်ဘာ ၅ ။               ။ ပါကစ္စတန်နိုင်ငံ ကရာချိမြို့တော်တွင် အဆင့်မြင့် ဟိုတယ်တစ်လုံး ဒီဇင်ဘာ ၅ ရက်က မီးလောင်မှုကြောင်း လူ ၁၁ ဦးသေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရသည်။

ရီဂျင့်ပလာဇာဟိုတယ်တွင် မြေညီထပ် မီးဖိုခန်းမှ မီးစတင်လောင်ခြင်းဖြစ်ပြီး အပေါ်အထပ်မြင့်များက ဧည့်သည်များ ပိတ်မိနေခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။ အဆိုပါ ဟိုတယ်တွင် အခန်းပေါင်း ၄၀၀ ကျော်ထက်မနည်း ရှိသည်။

ဗီဒီယိုမြင်ကွင်းတွင် ဟိုတယ်အတွင်း မီးခိုးများ ဖုံးလွှမ်းခြင်းကြောင့် တစ်ချို့သော ဧည့်သည်များက အိပ်ရာခင်းများ၊ စောင်များဖြင့် အောက်တို့ဆင်းရန် ကြိုးစားနေမှုများကိုလည်း မြင်တွေ့ရသည်။

ပါကစ္စတန်ရှိ အဆောက်အအုံအများစုသည် ကျန်းမာရေးအတွက် ညံ့ဖျင်းကာ လုံခြံုရေးလည်း အဆင့်မမှီပေ။ မြို့ရှိ မီးသတ်သမားများတွင်လည်း ဝတ်စုံကိရိယာ မပြည့်စုံမှုများ ရှိနေသည်။

ထိခိုက်ဒဏ်ရာရသူဦးရေမှာ အနည်းဆုံး ၆၅ ဦး ရှိကြောင်း အဆိုပါ သတင်းစာက မြို့ရှိ  အကြီးဆုံးဆေးရုံမှ အကြီးတန်းဆရာဝန်တစ်ဦးကို ကိုးကားဖော်ပြသည်။

သေဆုံးသူများတွင် နိုင်ငံခြားသာ ပါဝင်ခြင်း ရှိမရှိ မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required