ရခိုင်နှင့် ဘင်ဂါလီ ဒုက္ခသည်စခန်းများတွင် ကျားမအခြေပြု အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမည်

ရခိုင်နှင့် ဘင်ဂါလီ ဒုက္ခသည်စခန်းများတွင် ကျားမအခြေပြု အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမည်
ဓာတ်ပုံ-RiA

စစ်တွေ၊ နိုဝင်ဘာ ၂၆ ။            ။ ပဋိပက္ခကြောင့် တိမ်းရှောင်နေကြရသည့် စစ်တွေမြို့ရှိ နှစ်ဖက် လူ့အဖွဲ့အစည်းများ နေထိုင်ရာ ဒုက္ခသည်စခန်းများသို့ ကျားမအခြေပြု အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးအစီစဉ်တရပ်အနေဖြင့် လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း ကမ္ဘာ့ကုလသမဂ္ဂလူဦးရေ ရံပုံငွေအဖွဲ့ (UNFPA) ပရိုဂရမ် တာဝန်ခံ ဆာရာဘေရ်က ပြောသည်။

“ အဓိကတော့ ပညာပေးလုပ်ငန်းတွေပေါ့နော်။ ကျွန်မတို့က ဒုက္ခသည်စခန်းတွေမှာလည်း မြို့ပေါ်မှာနည်းတူပြုလုပ် သွားမှာပါ။ ဆွေးနွေးပွဲလိုမျိုးနဲ့ ပျော်ပွဲရွင်ပွဲပုံစံလိုမျိုး စီစဉ်ထားတာရှိပါတယ်” ဟု ၎င်းကဆိုသည်။

နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့ထိ (၁၆) ရက်ကြာ ပြုလုပ်မည့် ကျားမအခြေပြု အကြမ်းဖက်မှု ပပျောက် ရေးလှုပ်ရှားမှုကို စစ်တွေမြို့တွင် ယမန်နေ့မှ စတင်ပြုလုပ်နေခြင်းဖြစ်ပြီး မြို့နယ်ရှိ အမျိုးသမီးအများအပြား ပါဝင်တက် ရောက်လျက်ရှိသည်။

လှုပ်ရှားမှု ကြွေးကြော်သံဆောင်ပုဒ်မှာ "ပြည်တွင်းငြိမ်းချမ်းရေးမှသည် ကမ္ဘာသစ်ဆီသို့၊ အမျိုးသမီးနှင့် ကလေးများပါဝင် မှုဖြင့် ရေရှည်တည်တံ့သောအနာဂတ်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးကြပါစို့” ဖြစ်သည်။

နိုဝင်ဘာ ၂၆ ရက်နေ့တွင် လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားကို စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ကျင်းပခဲ့သည်။

“ အဓိကတော့ အိမ်တွင်းအကြမ်းဖက်မှုတွေပပျောက်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာပါ။ ရခိုင်ဒုက္ခသည် စခန်းတွေရော၊ မူ ဆလင် ဒုက္ခသည်စခန်းတွေမှာပါ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပါတ်သက်ပြီး အသိပညာပေးဖို့ပါ” ဟု ရခိုင်ပြည်နယ် လူမှုဖူ လုံရေး ဦးစီးဌာန ဦးစီးမှူး ဦးသက်လှိုင်ထွန်းက ပြောသည်။

ယခု လှုပ်ရှားမှုကို ပြည်နယ်အဆင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းနှင့် ပြည်တွင်းလူမှုအဖွဲ့ အစည်း (၁၁) ဖွဲ့က ပူးပေါင်းကူညီထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required