မူဆယ်မြို့ ကျင်စန်းကျော့နယ်စပ်ဂိတ်အား MNDAA သိမ်းပိုက်

By ရွှေနွယ်၊ ဂျူချန်း (မဇ္ဈိမ)
26 November 2023
မူဆယ်မြို့ ကျင်စန်းကျော့နယ်စပ်ဂိတ်အား MNDAA သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာရှိတဲ့ တရုတ်−မြန်မာ နယ်စပ်ဂိတ်တခုဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်ကို ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းမှာ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ MNDAA ကထုတ်ပြန်ပါတယ်။

ကျင်စန်းကျော့နယ်စပ်ဂိတ်ဟာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား ဖြတ်သန်းသွားလာရာနဲ့ ကုန်သွယ်ရာမှာ အရေးပါတဲ့နယ်စပ်ဂိတ်တခုဖြစ်ပါတယ်။

ကျင်စန်းကျော့ဂိတ်ဟာ MNDAA အနေနဲ့ လေးခုမြောက်သိမ်းယူနိုင်ခဲ့တဲ့ တရုတ်မြန်မာနယ်စပ်ဂိတ်ဖြစ်ပါတယ်။

တည်းဖြတ်။ ။ရွှေနွယ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly