လက်ထပ်ပြီး နှစ်နှစ်အကြာမှာ Marc Anthony နဲ့ Shannon De Lima တို့ကွာရှင်း

လက်ထပ်ပြီး နှစ်နှစ်အကြာမှာ Marc Anthony နဲ့ Shannon De Lima တို့ကွာရှင်း

အခုဆိုရင် Marc Anthony နဲ့ Shannon De Lima တို့ဟာ လက်ထပ်ပြီး နှစ်နှစ်အကြာမှာပဲ ကွာရှင်းလိုက်ပါပြီ။

မကြာသေးခင်ကမှ ဒီစုံတွဲဟာ ကွာရှင်းခဲ့ကြတယ်လို့ ခိုင်မာတဲ့ သတင်းဌာန သုံးခုက အတည်ပြုလိုက်ပါတယ်။ အသက်၄၈ နှစ်အရွယ်ရှိတဲ့ ဂရမ်မီဆုရှင်အဆိုတော် Anthony ဟာ အသက်၂၈ အရွယ် ရှိပြီဖြစ်တဲ့ ဗင်နီဇွဲလား မော်ဒယ်မလေးနဲ့ တိုးတိုးတိတ်တိတ် စေ့စပ်ထားပြီးကြာခင်မှာပဲ ဒိုမီနီကန် ရီပတ်ဘလစ် နိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက အကျဉ်းချံုး မင်္ဂလာဆောင်ခဲ့တာပါ။

Anthony ဟာ ဇနီးဟောင်း ဂျနီဖာလိုပက်ဇ် နဲ့ ခုနှစ်နှစ်ကြာလက်ထပ််ခဲ့ပြီးနောက် ကွာရှင်းခဲ့ကာ ငါးလအကြာမှာပဲ မော်ဒယ်ဖြစ်သူ De Lima နဲ့ စတင်တွဲခဲ့တာဖြစ်ပါတယ်။ အခုကွာရှင်းမှုဟာ Anthony နဲ့ ဇနီးဟောင်း ဂျနီဖာလိုပက်ဇ်တို့ လက်တင်ဂရမ်မီ ဆုပေးပွဲမှာ အနမ်းပေးခဲ့ပြီး မကြာခင်မှာပဲ လူသိရှင်ကြားဖြစ်ခဲ့တာ ဖြစ်ပါတယ်။

Ref: Enews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required