ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု ဂျပန်အရှေ့ပိုင်းတွင် လှုပ်ခတ်

ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု ဂျပန်အရှေ့ပိုင်းတွင် လှုပ်ခတ်

တိုကျို၊ နိုဝင်ဘာ ၁၂ ။              ။ ဂျပန်နိုင်ငံ အရှေ့ပိုင်းတွင် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခဲ့ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးဌာနက ထုတ်ပြန်ခဲ့သည်။

မြို့တော်တိုကျိုမှ ကီလိုမီတာ ၃၅၀ အကွာ ဟွန်ရှုးကျွန်းအနီး မြေအောက် ၄၄ ကီလိုမီတာကို ဗဟိုပြုလျှက် အဆိုပါ ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိခဲ့ပေ။

ဧပြီလအတွင်းက နိုင်ငံတောင်ပိုင်း ကူမာမိုတာစီရင်စုတွင် အင်အားကြီး ငလျင်နှစ်ခုနှင့် နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း ၁၇၀၀ ကျော် လှုပ်ခတ်ခဲ့ရာ လူ ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး  ပျက်စီးမှုများ   ဖြစ်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required