ဂရိတ်ဝေါလ် သကြားစက်ရုံနှင့် နီကယ်စက်ရုံ သိမ်းဆည်း လယ်ယာမြေများ ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်

ဂရိတ်ဝေါလ် သကြားစက်ရုံနှင့် နီကယ်စက်ရုံ သိမ်းဆည်း လယ်ယာမြေများ ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်

စစ်ကိုင်း၊ နိုဝင်ဘာ ၁၀ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာအနီး ဂရိတ်ဝေါလ်သကြားစက်ရုံနှင့် တ ကောင်းတောင်နီကယ် ထုတ်လုပ်ရေးစက်ရုံကြီးများက သိမ်းဆည်းထားသော လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် နိုဝင်ဘာလ ၁၀ ရက်နေ့က သိမ်းဆည်းခံတောင်သူများက ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

၂၀၀၉ ခုနှစ်ခန့်မှ စတင်၍ နီကယ်စက်ရုံမှ တောင်သူ ၁၁၂ဦးထံမှ သိမ်းဆည်းမြေ ဧက ရ၃၈ ဧကကို သီးနံလျှော်ကြေး ငါးသောင်းသာပေး၍သိမ်းဆည်းခဲ့ပြီး မြေယာလျော်ကြေးမရရှိခဲ့ေသောကြောင့် ၂၀၁၂ခုနှစ်မှစတင် တောင်းဆိုခဲ့သော် လည်းဖြေရှင်းမပေးသေးသဖြင့် ဆန္ဒဖော်ထုတ်ရခြင်းဟု သိရသည်။

"နီကယ်စက်ရုံက သူတို့က ဒီပြည်ထောင်စုကလုပ်တယ်ဆိုပြီးတော့ အစိုးရကစီမံကိန်းပေါ့လေ အစိုးရကအကျိုးတူ လုပ် တယ်ဆိုပြီးမှ မြေကိုမလျော်ပေးပဲနဲ့ ဒီအတိုင်းထားတယ်ပေါ့ဗျာ။ ကျွန်တော်တို့က ပြေစာကျမြေ ဥပဒေဘောင် အတွင်းက ကျွန်တော်တို့အခွန်ရထားတဲ့ မြေတွေပေါ့ဗျာ ဒီမြေတွေကို ခုထိဖြေရှင်းပေးခြင်းမရှိသေးဘူးပေါ့လေ"ဟု တောင်သူတစ်ဦး က ပြောသည်။

ဂရိတ်ဝေါလ် သကြားစက်ရုံမှလည်း ၂၀၀၄ခုနှစ်မှ စတင်၍ တောင်သူ ၃၁ ဦး၏ မြေ ၁၃၅ ဧကကို စက်ရုံဝင်းမြေနေရာ အတွက် တောင်သူများ၏ သဘောတူညီချက်မရပဲ ဌာနဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းသိမ်းဆည်းခဲ့သောကြောင့် မြေ ယာ တန်ကြေး ပြန်လည်ရရှိရန်တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ဂရိတ်ဝေါလ်သကြားစက်ရုံအပါအဝင် အီသနော၊ မက်သနော၊ သစ်ပါးလွှာ၊ ဓါတ်မြေဩဇာ၊ ယူက လစ်စီမံကိန်း စသည့်စက်ရုံများ ဖျက်သိမ်းပေးရန်နှင့် တကောင်းတောင်နီကယ် စီမံကိန်းစက်ရုံဖျက်သိမ်းပေးရန် တောင်း ဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required