ခံစစ်ရော တိုက်စစ်တွင်ပါ ၁၈ ကိုက်စည်းအတွင်း တိုးတက်ရန် လိုအပ်နေသေးဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာပြော

ခံစစ်ရော တိုက်စစ်တွင်ပါ ၁၈ ကိုက်စည်းအတွင်း တိုးတက်ရန် လိုအပ်နေသေးဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာပြော

နိုဝင်ဘာ ၆၊ နိုဝင်ဘာ ။            ။ အီတီဟတ်ကွင်းတွင် မစ်ဒယ်ဘရော့အသင်းနှင့် တစ်ဂိုးစီသရေကျခဲ့ပြီးနောက် မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ၏အသင်းမှာ ၁၈ ကိုက်စည်းနှစ်ဘက်စလုံးတွင် တိုးတက်ရန် လိုအပ်နေသေးကြောင်း ပြောဆိုခဲ့သည်။

မန်စီးတီးအသင်းသည် မစ်ဒယ်ဘရော့အသင်းကို အဂူရို၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန် ၉၁ မိနစ်တွင် မစ်ဒယ်ဘရော့ကစားသမားဒီရွန်း၏ ဂိုးကို ခွင့်ပြုခဲ့ရသည်။ ထိုပွဲတွင် မန်စီးတီးအသင်းမှာ မစ်ဒယ်ဘရော့အသင်းဘက်သို့ ၂၅ ကြိမ်အထိ ဂိုးကန်သွင်းချက်များ ပြုလုပ်နိုင်ခဲ့သော်လည်း တစ်ဂိုးသာ ရရှိခဲ့သည်။

ဂွါဒီယိုလာက သူ၏အသင်းမှာ အနိုင်သုံးမှတ်နှင့်ထိုက်တန်ကြောင်း ယုံကြည်နေသည်။ ‘ကျွန်တော်တို့အသင်းဟာ ၁၈ ကိုက်စည်းအတွင်းနှစ်ဖက်စလုံးမှာ တိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ ခံစစ်ကစားရာမှာရော တိုက်စစ်ကစားတဲ့နေရာမှာပါ။ ဂိုးသွင်းနိုင်ဖို့နဲ့ ဂိုးမပေးရဖို့ပါ။

ကျွန်တော်နောင်တမရပါဘူး။ ဒါပေမဲ့ ကစားသမားတွေအတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့ဟာ ဒီရလဒ်နဲ့ မထိုက်တန်ပါဘူး။ ပွဲရဲ့နောက်ဆုံးမိတစ်တွေက ဘာမဆို ဖြစ်ပျက်သွားနိုင်ပါတယ်။ ဘာစီလိုနာနဲ့ပွဲမှာ ရုန်းကန်ထားရလို့ ပွဲပြီးခါနီးမှာ အသင်းသားတွေ မောပန်းသွားတယ်လို့ ထင်ပါတယ်’ ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

ရည်ညွှန်း အီအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required