ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ကို တရားစွဲဆိုဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ လူမင်း

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ကို တရားစွဲဆိုဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ လူမင်း

ရန်ကုန်၊ နိုဝင်ဘာ ၄ ။            ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင် အကယ်ဒမီလူမင်း အနေနဲ့ ပြည်တွင်းဂျာနယ်တစ်စောင်ရဲ့ ဖော်ပြချက်အရ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ကို သတိပေးစာ ပို့ထားခဲ့ပြီး သတ်မှတ်ရက် ကျော်လွန်သွားပြီ ဖြစ်တာမို့ တရားစွဲ ဆိုသွားရန် ပြင်ဆင်နေပြီ ဖြစ်တယ်လို့ လူမင်းက ပြောပါတယ်။

“ အာရုဏ်ဦးဂျာနယ်မှာ အပြာကားဆန်ဆန် တဏာရူးဆန်ဆန် ကျွန်တော်တို့ ဥက္ကဋ္ဌ ကိုယ်တိုင်က ရိုက်တယ် ။ ကျွန် တော်တို့ ဘယ်လိုလေးစားရမလဲ ဆိုပြီး ဒါရိုက်တာမောင်မျိုးမင်းက ပြောသည် ဆိုပြီး ပါလာတာပါ။ ကျွန်တော်က အဲဒီ အတွက် တောင်းပန်ဖို့ စာပို့ထားတယ်။ ဥပဒေလမ်းကြောင်း အရလို့ ဆိုတဲ့နေရာမှာ ကျွန်တော် တစ်ဆင့်ချင်းစီ ဆောင် ရွက်ခဲ့ပါတယ်။ အရင်ဆုံး နို့တစ်စာပို့တယ်။ ဒါပေမယ့် သတ်မှတ်တဲ့ ရက်ကိုကျော်လွန်သွားပြီမို့ တရားစွဲဖို့ ပြင်ဆင် နေပါ ပြီ” လို့ ဦးလူမင်းက ပြောပါတယ်။

ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ရဲ့ ပြောဆိုချက်က သရုပ်ဆောင်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ရုပ်ရှင်အစည်းအရုံးရဲ့ ဂုဏ်သိက္ခာအရ ပထမဆုံး တောင်းပန်ဖို့ သတိပေးစာပို့ခဲ့တာ ဖြစ်တယ်လို့လည်း ဦး လူမင်းက ဆိုပါတယ်။

အဆိုပါ ပြောကြားချက်တွေအပေါ် သတိပေး အကြောင်းကြားစာကို အောက်တိုဘာလ ၂၄ ရက်မှာ ရုပ်ရှင်အစည်းအရုံး က တရားဝင်ပေးပို့ခဲ့တာ ဖြစ်ပြီး ရုပ်ရှင်အစည်းအရုံးရဲ့ ဆုံးဖြတ်ချက်တွေအရ ယခုလို စီစဉ်ခဲ့တာ ဖြစ်တယ်လို့လည်း သိ ရပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ဦးလူမင်းက “ ကျွန်တော်ရဲ့ ပင်မလမ်းကြောင်းက သရုပ်ဆောင်တစ်ယောက်ဖြစ်တယ်။ ဥက္ကဋ္ဌ တစ်ယောက်လုပ်ရလို့ ဥက္ကဋ္ဌ ဆိုတာက ကျွန်တော့်ရဲ့ သရုပ် ဆောင်လမ်းကြောင်းအပေါ်မှာ လွှမ်းမိုးမှု မရှိစေရဘူးလို့ ခံယူပြီး လုပ်နေတာပါ။ ဒါ့ကြောင့် အစည်းအရုံးအတွက် လုပ် ဆောင်နေတာက တစ်ပိုင်း၊ ဇာတ်ကားထဲမှာ ကျွန်တော် လူသတ်သမားလည်း လုပ်ရမှာပဲ။ လူယုတ်မာလည်း လုပ်ရင် လုပ်ရမှာပဲ။ အဲဒါသည် လူမင်းမဟုတ်ဘူး။ ဥက္ကဋ္ဌ မဟုတ်ဘူး။ ဇာတ်ကားထဲက ကာရိုက်တာသာ ဖြစ်တယ်။ ကျွန်တော် ကတော့ အနုပညာအပေါ် အဲလို သစ္စာရှိရပါလိမ့်မယ်” လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) အနေနဲ့လည်း အခုလိုသတိပေးစာပေးပို့မှုအပေါ် တောင်းပန်သွားဖို့ အစီအစဉ်မရှိ ကြောင်းနှင့် တရားဥပဒေကြောင်းအရ ရင်ဆိုင်သွားမှာဖြစ်တယ်လို့လည်း ၎င်းရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required