ဘာစီလိုနာကို အနိုင်ရလိုက်ခြင်းမှာ မန်စီးတီးအတွက် မှတ်တိုင်တစ်ခုဟု ဂွာဒီယိုလာပြော

ဘာစီလိုနာကို အနိုင်ရလိုက်ခြင်းမှာ မန်စီးတီးအတွက် မှတ်တိုင်တစ်ခုဟု ဂွာဒီယိုလာပြော

နိုဝင်ဘာ ၂၊ မန်ချက်စတာ။              ။ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘာစီလိုနာအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရလိုက်ခြင်းမှာ မန်စီးတီးအသင်းအတွက် မှတ်တိုင်တစ်ခုဖြစ် ကြောင်း နည်းပြဂွာဒီယိုလာက   ပြောသည်။ သို့သော်လည်း မန်စီးတီးအသင်းအနေဖြင့် မိမိအကြိုက်နည်းစနစ်အတိုင်း ကစားခဲ့ခြင်း မဟုတ်ဟုလည်း ဝန်ခံခဲ့သည်။

မန်စီးတီးအသင်းသည် ဥရောပအဆင့်တွင် ဘာစီလိုနာကို ပြီးခဲ့သည့်ငါးကြိမ်စလုံးအနိုင်ရဖူးခြင်းမရှိဘဲ အင်္ဂါနေ့က ကစားခဲ့သော အုပ်စု (ဂ) ပွဲစဉ်နှင့်ပတ်သက်ပြီး ဂွာဒီယိုလာက “ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းနဲ့ကစားခဲ့ပြီး သူတို့ကို အနိုင်ရခဲ့တယ် ဆိုတဲ့အကြောင်းကို ကျွန်တော်တို့ဘဝမှာ ပြောလို့ရသွားပြီ။

ကျွန်တော်တို့ ဘာစီလိုနာကိုယှဉ်ကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကစားနေကျပုံစံနဲ့တော့ မဟုတ်ပါဘူး။ ဘောလုံးကို ထိန်းထားပြီးသူတို့ကစားသလို မကစားနိုင်သေးလို့ ကျွန်တော်တို့ အမြင့်ဘောများများကစားခဲ့တယ်။

ဘာစီလိုနာကသူတို့ပုံစံအတိုင်းကစားခဲ့တာ ၂၅ ရှိပါပြီ။ ကျွန်တော်တို့ကတော့ ကစားပုံကွဲထွက်နေဖို့ကြိုးစားနေတာ သုံး၊ လေးလ လောက်ပဲ ရှိပါသေးတယ်”ဟု ပြောသည်။

မန်စီးတီးအသင်းသည် ပွဲချိန်ပထမပိုင်း မိနစ် ၂၀ တွင် မက်ဆီ၏ ၉၀ မြောက်ချန်ပီယံလိဂ်ဂိုးကြောင့် ဧည့်သည်ဘာစီလိုနာကို ၁-၀ ဖြင့်ရှုံးနိမ့်နေခဲ့ပြီးမှ ချေပဂိုးနှင့်အနိုင်ဂိုးများသွင်းကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required