အကြမ်းဖက်ပြီး ကမ္ဘာကို ပြောင်းလဲလို့မရဟု ဒေါ်အောင်ဆန်းစုကြည် သတိပေး

အကြမ်းဖက်ပြီး ကမ္ဘာကို ပြောင်းလဲလို့မရဟု ဒေါ်အောင်ဆန်းစုကြည် သတိပေး

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေခဲ့သည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက်မှု အပေါ် နိုင်ငံ၏ ရပ်တည်ချက်နှင့် ပါကစ္စတန်အား သီးခြားခွဲထုတ်ထားရေး ကိစ္စရပ်များနှင့် ပတ်သက်၍ TIMES NOW သတင်းဌာနသို့ ပြောကြားသွားခဲ့သည်။

နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုကိစ္စရပ်အပေါ် မြန်မာနိုင်ငံ၏ သဘောထားအမြင်နှင့်ပတ်သက်၍ မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က " အကြမ်းဖက်မှုက ဘယ်လိုပုံစံနဲ့ပဲလာလာ လက်ခံစရာအကြောင်းမရှိပါဘူး၊ အကြမ်းဖက်မှုနဲ့ ကျွန်မတို့ ကမ္ဘာကြီးကို ပြောင်းလဲပစ်လို့ မရနိုင်ပါဘူး၊ ဒါ့အပြင် အကြမ်းဖက်မှုကို ဘယ်နည်းနဲ့မှ လက်ခံသွားလို့မရသလို ဒီထက်ကြီးထွားခွင့်လည်း ပြုရမှာမဟုတ်ပါဘူး" ဟု ပြောဆိုသွားခဲ့သည်။

ယခုအခါ အကြမ်းဖက်မှုကို နိုင်ငံမူဝါဒအဖြစ် အသုံးပြုနေခြင်းကြောင့် ပါကစ္စတန်နိုင်ငံကို သီးခြားဖယ်ထုတ်ထား၍ ရနိုင်မည်လား ဆိုသည့် မေးခွန်းကို TIMES NOW အယ်ဒီတာက မေးမြန်းရာတွင်မူ   ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက်မှုကို သီးခြားခွဲထုတ်ရမည်ဖြစ်သော်လည်း နိုင်ငံတစ်နိုင်ငံကိုမူ သီးခြားဖယ်ထုတ်ထား၍ ရမည်မဟုတ်ကြောင်း ဖြေကြားသွားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုံ့ချသွားခဲ့ပြီး မကြာသေးခင်ကာလက အိန္ဒိယမြေပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကိုလည်း ပြစ်တင်သွားခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် BRICS-BIMSTEC ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် အိန္ဒိယသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required