မလေးရှားတွင် အစွန်းရောက်အကြမ်းဖက် ၁၆ ဦးကို ဖမ်းမိ

မလေးရှားတွင် အစွန်းရောက်အကြမ်းဖက် ၁၆ ဦးကို ဖမ်းမိ

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၀ ။               ။ မလေးရှားနိုင်ငံတွင် ဇွန်လအတွင်းက ဆီလန်ဂေါအရပ် ပူချောင်ညဈေးတန်းအား ဗုံးဖောက်ခွဲမှုအား ကြိုးကိုင်စီစဉ်သူဦးဆောင်သည့် အစွန်းရောက်ယူနစ်အဖွ့ဲဝင် ၁၄ ဦးအပါအဝင် အစွန်းရောက်သံသယရှိသူ ၁၆ ဦးအား ရဲက ဖမ်းဆီးရမိသည်။

ဖမ်းမိသူများတွင် တစ်ဦးသာ အာဖရိကနိုင်ငံတစ်နိုင်ငံမှ ဖြစ်ပြီး ကျန်သူများက မလေးရှားနိုင်ငံသားများပဲဖြစ်သည်။

ဖမ်းဆီးရမိသူ သံသရှိသူများက အသက် ၂၀ မှ ၃၈ နှစ်ဝန်းကျင်ကြားတွင် ရှိပြီး ဆီလန်ဂေါ၊ ကီလန်တန်၊ ပီရက်၊ ကီဒက်၊ ပီနန်နှင့် ဆာဘတ်ရှ်တို့တွင် စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၆ ရက်အတွင်း တန်ပြန်အကြမ်းဖက်မှုစစ်ဆင်ရေး၌ ဖမ်းဆီးမိခြင်းဖြစ်ကြောင်း ရဲထောက်လှမ်းရေးမှူးချုပ် ခါလစ်အဘူဘာကာက ပြောသည်။

ဖမ်းထားသူများတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရေးအရာရှိတစ်ဦး၊ ကျောင်းသားတစ်ဦးနှင့် ဘဏ်ဝန်ထမ်းတစ်ဦးတို့ ပါဝင်ကြောင်း ၎င်းက ပြောသည်။

ဖမ်းမိသူများတွင် ၁၄ ဦးမှာ အိုင်အက်စ်နှင့် ချိတ်ဆက်သည့် Black Crow ဆိုသည့် အဖွဲ့၌ ပါဝင်သူများဖြစ်ဖွယ်ရှိကြောင်း ရဲက ပြောသည်။ ယင်းအဖွဲ့သည် ဇွန်လအတွင်းက ပူချောင်တွင် လူရှစ်ဦး ဒဏ်ရာရသည့် ဗုံးခွဲတိုက်ခိုက်မှုကို ကြိုးကိုင်စီစဉ်သူ ဆီးရီးယားရှိ အိုင်အက်စ်အဖွဲ့ဝင် မလေးရှားနိုင်ငံသားဖြစ်သည့် မိုဟာမတ်ဝန်ဒီက ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

ကျန်တစ်ဦးမှာ အသက် ၂၀ အရွယ်ရှိကျောင်းသားတစ်ဦးဖြစ်ပြီး ဆီးရီးယားအိုင်အက်စ်အဖွဲ့ဝင်ရန် ကြိုးစားစဉ် တူရကီနိုင်ငံ၌ စက်တင်ဘာ ၈ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားသားဆိုသူမှာဆီးရီးယားရှိ ဂျာဘတ်အယ်နျူဆယာအဖွဲ့အတွက် စာရွက်စာတမ်းများ အတုပြုလုပ်ရန် မလေးရှားနိုင်ငံသို့ အကြိမ်ကြိမ်ရောက်ရှိဖူးသူဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags