ကုလကောင်စီ၌ ဆီးရီးယားအရေး အမေရိကန်နှင့်ဗြိတိန်တို့၏ ပြစ်တင်ကြိမ်းမောင်းခံရပြီးနောက် ရုရှ ဒေါသတစ်ကြီး ပြန်လည်တုန့်ပြန်

ကုလကောင်စီ၌ ဆီးရီးယားအရေး အမေရိကန်နှင့်ဗြိတိန်တို့၏ ပြစ်တင်ကြိမ်းမောင်းခံရပြီးနောက် ရုရှ ဒေါသတစ်ကြီး ပြန်လည်တုန့်ပြန်

စက်တင်ဘာ ၂၆ ။             ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဆီးရီးယားအရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအပေါ် အမေရိကန်နှင့်ဗြိတိန်တို့ သုံးနှုန်းသွားသော ပြစ်တင်ပြောစကားများမှာ လက်သင့်ခံနိုင်စရာ အကြောင်းမရှိဟု ရုရှက ပြန်လည်တုန့်ပြန်ဝေဖန်သွားသည်။

ယင်းအစည်းအဝေးတွင် ဆီးရီးယားအရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် ဗြိတိန်တို့က ရုရှကို အရိုင်းအစိုင်းဟု ခိုင်းနှိုင်းသုံးနှုန်းကာ ဝိုင်းဝန်းကြိမ်းမောင်းခဲ့ကြသည့်အပေါ် ရုရှက ပြန်လည် တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စကားအပြောအဆို သုံးနှုန်းခြင်းက ငါးနှစ်တာကြာမြင့်နေပြီဖြစ်သော ဆီးရီးယားပြည်တွင်းစစ်အဆုံးသတ်ရေး အားထုတ်နေမှုအပေါ် ထိခိုက်သွားနိုင်ကြောင်း ရုရှအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စကော့ဗ်က သတိပေးသွားခဲ့သည်။

စက်တင်ဘာလ ၂၆ ရက်က အမေရိကန်အမြဲတမ်းကိုယ်စားလှယ် ဆာမန်သာ ပါဝါက ရုရှနှင့် ဆီးရီးယားအစိုးရတပ်ဖွဲ့များသည် သူပုန်များထိန်းချုပ်ထားသည့် အလီပိုမြို့ နေရာများတွင် အချိန်ဖြုန်းနေကြသည်ဟု စွပ်စွဲပြောကြားထားခဲ့သည်။

လက်ရှိအချိန်တွင်မူ ယင်း အလီပိုမြို့တွင် လေကြောင်းတိုက်ခိုက်မှုများ တိုးမြင့်ဖြစ်ပေါ်နေလျက်ရှိရာ လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရပြီဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required