“Sully” ရုပ်ရှင်ကား အမေရိကန်တွင် အဖွင့်ပြသစဉ် အမေရိကန်ဒေါ်လာ ၃၅ဒသမ၅ သန်းရရှိ

“Sully” ရုပ်ရှင်ကား အမေရိကန်တွင် အဖွင့်ပြသစဉ် အမေရိကန်ဒေါ်လာ ၃၅ဒသမ၅ သန်းရရှိ

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၁၂ ။              ။ အမေရိကန်ဒါရိုက်တာ တွမ်ဟက်ခ်၏ “ Sully”  ရုပ်ရှင်ကားသည်  မြောက်အမေရိက ရုံတင်ပြသငွေစာရင်းတွင် အမေရိကန်ဒေါ်လာ ၃၅ဒသမ၅သန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်းသိရသည်။

“ Sully” ရုပ်ရှင်ကားသည် ၂၀၀၉ ခုနှစ်က LaGuardia လေယာဉ်ကွင်းမှ ပံျတက်ပြီးနောက်  ငှက်အုပ်ကို တိုက်မိခဲ့ခြင်းကြောင့် ဟော့ဒ်ဆန်မြစ်အတွင်း  Airbus 320 လေယာဉ်ကို အောင်မြင်စွာ အရေးပေါ်ဆင်းသက်နိုင်ခဲ့သည့် သူရဲကောင်းလေယာဉ်မှူး ချက်စ်လေးဆူလန်ဘာဂါအကြောင်းကို ရိုက်ကူးထားသော ရုပ်ရှင်ကားဖြစ်သည်။

မြောက်အမေရိက ရုံတင်ပြသငွေစာရင်းတွင် သည်းထိတ်ရင်ဖိုရုပ်ရှင်ကား “ When The Bough Breaks” ရုပ်ရှင်ကားက အမေရိကန်ဒေါ်လာ ၁၅ သန်းဖြင့် နံပါတ်၂နေရာတွင် ရပ်တည်လျက်ရှိသည်။ “ When The Bough Breaks” ရုပ်ရှင်ကား ရိုက်ကူးရေးအတွက် အမေရိကန်ဒေါ်လာ ၁၀သန်း ကုန်ကျခဲ့ကြောင်း  Sony ကုမ္ပဏီ ဖြန့်ချိရေးအကြီးအကဲ ရိုရီဘရုရာက ပြောကြားသည်။

“ Don’t Breathe” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၈ဒသမ၂သန်းဖြင့် နံပါတ် ၂ နေရာတွင် ရပ်တည်နေပြီး “ Suicide Squad” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၅ဒသမ ၇သန်းဖြင့် နံပါတ် ၄ နေရာတွင် ရပ်တည်နေကာ “ The Wild Life” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၃ဒသမ၄ သန်းဖြင့် နံပါတ်၅ နေရာတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required