ကိုယ့်ကိုကိုယ် သတ်သေမှုကို တားဆီးရေးအတွက် လိုအပ်သော သတိပြုမှုကို မြှင့်တင် ပေးတဲ့ “Infinite Challenge” ရုပ်သံအစီစဉ်ကို ကျန်းမာရေး ၀န်ကြီးဌာနက ဆုချီးမြှင့်

ကိုယ့်ကိုကိုယ် သတ်သေမှုကို တားဆီးရေးအတွက် လိုအပ်သော သတိပြုမှုကို မြှင့်တင် ပေးတဲ့ “Infinite Challenge” ရုပ်သံအစီစဉ်ကို ကျန်းမာရေး ၀န်ကြီးဌာနက ဆုချီးမြှင့်

ဆိုးလ် ၊ စက်တင်ဘာ ၉ ။           ။ တောင်ကိုရီးယားနိုင်ငံ၏ “Infinite Challenge” ရုပ်သံအစီစဉ်သည် ကိုယ့်ကိုကိုယ် သတ်သေ မှုကို တားဆီးရေးအတွက် လိုအပ်သော သတိပြုမှုများကို   မြင့်တင်ပေးသည့်အတွက် ကျန်းမာရေးနှင့် သက်သာချောင်ချိရေး ဝန်ကြီးဌာနက ဆုချီးမြှင့်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“Infinite Challenge” ရုပ်သံအစီစဉ်၏ “Erasing Your Bad Memories” ဟု အမည်ပေးထား သော အပိုင်းသည် ကိုယ့်ကိုကိုယ် သတ်သေရန် ကြံစည်သူများကို ပညာပေးခြင်းဖြင့် စိတ်သောကများ ကို သက်သာရရစေသည့် အကြောင်းကို ပုံဖော် ရိုက်ကူးထားသည်။

“ယင်းအပိုင်းဟာ ကျွန်တော်တို့ရဲ့ လူ့အသိုင်းအဝိုင်းကို ပြင်းထန်စွာ ခြိမ်းခြောက်နေတဲ့ ကိုယ့်ကိုကိုယ် သတ်သေမှု အကြောင်းအရာတွေကို ပုံဖော်ထားတယ်။ ဒါဟာ ကိုယ့်ကိုကိုယ်သတ်သေ မှုကို တားဆီးဖို့ လိုအပ်တဲ့ အမျိုးသားရေး သတိပြုမှုတွေကို တိုးမြှင့်လာစေဖို့ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်” ဟု ကျန်းမာရေးနှင့် သက်သာချောင်ချိရေး ဝန်ကြီးဌာနက ပြောကြားသည်။

“Infinite Challenge” ရုပ်သံအစီစဉ် ပူးတွဲအစီစဉ်၏ ပူးတွဲအစီစဉ် တင်ဆက်သူများသည် ကိုယ့်ကိုကိုယ် သတ်သေမှုကို တားဆီးရေး ကြော်ငြာများတွင် ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required