မကြာမီ ဘောလုံးပြန် ကစားနိုင်တော့မည်ဟု စီရော်နယ်ဒိုပြော

မကြာမီ ဘောလုံးပြန် ကစားနိုင်တော့မည်ဟု စီရော်နယ်ဒိုပြော

စက်တင်ဘာ ၃၊ မက်ဒရစ်။               ။  ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သော စီရော်နယ်ဒိုက မကြာမီ ဘောလုံးပြန်ကစားနိုင်တော့မည်ဟု ရီးယဲလ်မက်ဒရစ် ပရိသတ်များ အားတက်စေရန်   ပြောဆိုလိုက်သည်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားသည် ယူရိုပြိုင်ပွဲပြီးကတည်းက အနားယူနေခဲ့ရပြီး ရီးယဲလ်မက်ဒရစ်အသင်း၏ လာလီဂါ ရာသီ အဖွင့်ပွဲစဉ်နှစ်ပွဲကို လွဲချော်ခဲ့ရသည်။

ဂျီဘရော်လ်တာ၊ ဆွစ်ဇာလန်တို့နှင့်ကစားမည့်ပွဲများအတွက်လည်း ပေါ်တူဂီလက်ရွေးစင်အသင်းမှ ချန်လှပ်ခံခဲ့ရသည့် စီရော်နယ်ဒိုက မကြာမီဘောလုံးပြန်ကစားနိုင်ရန် မျှော်လင့်နေသည်။

အင်စတာဂရမ်တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့်လေ့ကျင့်ခန်းဆင်းနေသည့် ဓါတ်ပုံတင်ထားသည့် စီရော်နယ်ဒိုက “ဘယ်နေ့ ပြန် ကစားနိုင်မှန်းမသိသေးပေမယ့် မကြာတော့ဘူး”ဟု ရေးသားထားသည်။

နိုင်ငံတကာပွဲများအပြီးတွင် ရီးယဲလ်မက်ဒရစ်အသင်းသည် စက်တင်ဘာ ၁၀ ၌ ဘာနေဗျူးတွင် အိုဆာဆူနာနှင့်ကစားရမည်ဖြစ် ပြီး လေးရက်အကြာတွင် စီရော်နယ်ဒို၏အသင်းဟောင်းဖြစ်သော စပို့တင်းနှင့် ချန်ပီယံလိဂ်အုပ်စုပွဲ ကစားရမည်ဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required