၂၀၁၇ ဂင်းနစ်ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် ပါ၀င်လာမည့် ဂျက်စတင်ဘီဘာ

၂၀၁၇ ဂင်းနစ်ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် ပါ၀င်လာမည့် ဂျက်စတင်ဘီဘာ

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၁ ။           ။ ကနေဒါအဆိုတော် ဂျက်စတင်ဘီဘာသည် စံချိန်တင်ဆုရှစ်ဆုဖြင့်  ၂၀၁၇ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်တွင် ပါဝင်သွားမည်ဖြစ်ကြောင်း နှင့် စံချိန်တင် ဆုရှစ်ဆုအနက် အများစုသည် မကြာသေးမီက ထွက်ရှိထားသော “ Purpose” တေးသီချင်းအယ်လ်ဘမ်မှ ဖြစ်သည်။

 “ What Do You Mean?” တေးသီချင်းသည် ထွက်ရှိပြီးနောက် ခုနစ်ရက်အတွင်း ကြည့်ရှုသူ ၃၀ ၇၂၃ ၇၀၈ ရှိကြောင်း နှင့် ဘီဘာသည် သီတင်းပတ်တစ်ပတ်အတွင်း Spotify တေးဂီတဝန်ဆောင်မှုတွင် ကြည့်ရှုမှုအများဆုံးစံချိန်ရရှိခဲ့သည်။

“Purpose”  တေးအယ်လ်ဘမ်သည် ခုနစ်ရက်အတွင်း ကြည့်ရှုသူ ၂၀၅ သန်းရှိခြင်းကြောင့် ဂျက်စတင်ဘီဘာသည်  Spotify တွင် သီတင်းပတ် တစ်ပတ်အတွင်း ကြည့်ရှုနားဆင်မှု အများဆုံး   တေးအယ်လ်ဘမ်  စံချိန်တင်ခဲ့သည်။

ဘီဘာသည်  YouTube တွင် လစဉ်ကြေးမှာယူမှု အများဆုံးစံချိန်တင်သည့် အမျိးသားအဆိုရှင်အဖြစ် စံချိန်တင်ထားပြီး  YouTube တေးဂီတလိုင်းတွင် ကြည့်ရှုမှုအများဆုံး စံချိန်တင်သည့်အပြင် တွစ်တာတွင် followers အများဆုံး အမျိုးသားတေးသံရှင်စံချိန်တင်ခဲ့ကြောင်း နှင့် အမေရိကန် တစ်ကိုယ်တော်တေးဂီတဇယားတွင် တစ်ပြိုင်နက် နားဆင်မှုအများဆုံးတေးသီချင်းစံချိန်လည်း တင်ခဲ့သည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဘီဘာကို ဆုရှစ်ဆုဖြင့် တင်သွင်းထားကြောင်း နယူးယော့ခ်မြို့  Madison Square Garden တွင်ပြုလုပ်မည့် ဘီဘာ၏ဖျော်ဖြေပွဲမတိုင်မီ  ဂင်းနစ်အဖွဲ့က ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required